Unicode
"ဖြေရှင်းပြီးပြီ"
လင်းချင်းယင်သည် ရှေ့သို့ လှမ်းကာ စားပွဲပေါ်ရှိ ကျောက်ခဲအချို့ကို ကောက်ယူပြီးနောက် ဇီးသီးပင်အောက်သို့ ပစ်ချလိုက်သည်။
"ကျန်းဝေရဲ့ ကံကောင်းခြင်းတွေ ပြန်ရလာပြီ"
လင်းချင်းယင် လုပ်ခဲ့သော အရာများကြောင့် အဖေကျန်း အံ့ဩသွားသည်။ သူ၏ရှေ့တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် နားလည်ရခက်သော မှော်ပညာလိုမျိုး ခံစားခဲ့ရသည်။သူက မကူညီနိုင်ဘဲ ရှေ့ကို တိုးလာပြီး စားပွဲပေါ်ရှိ ဦးထုပ်ကို တစ်ချက် ကြည့်လိုက်သည်။ အနက်ရောင် မီးခိုးများဟု မဆိုထားနှင့် ခုနက သုတ်ထားတဲ့ သွေးစွန်းကွက်များတောင် အကုန်ပျောက်သွား၏။ သူ့သား၏ လက်ချောင်းမှ သွေးများကို မည်သို့ ညှစ်ထုတ်ခဲ့သည်ကို သူ၏မျက်လုံးဖြင့် မမြင်လျှင်၊ ကလေးမလေးသည် မည်သည့် ဓာတုဗေဒပစ္စည်းကို အသုံးပြုခဲ့သလဲဟု သံသယ ဖြစ်လိမ့်မည်။
အဖေကျန်းသည် ကျန်းဝေကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ သူသည် မျှော်လင့်ထားသလို ရှုပ်ထွေးနေသောကြောင့် မေးလိုက်သည်။
"မင်း တစ်ခုခု ပြောင်းလဲမှုကို ခံစားရလား"
ကျန်းဝေသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး တစ်ခုခုကို ခံစားရရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့သည်။ ထို့နောက်တွင် သူသည် ခေါင်းကို ကုတ်လိုက်ပြီး ကိုးရိုးကားယားနိုင်စွာဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော် နည်းနည်းပူနေသလို ခံစားရတယ်......"
အဖေကျန်းသည် သူ၏မျက်လုံးများကို လှိမ့်ရန်ပင် မနေနိုင်တော့။ သို့သော်လည်း ခဏအကြာတွင် ဘောင်းဘီအိတ်ထဲမှ သူ၏ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။ သူသည် ဖုန်းကို အလျင်အမြန် ထုတ်လိုက်ပေမဲ့ မဝံ့မရဲ ကြောက်ရွံ့စွာဖြင့် အဖြေခလုတ်ကို နှိပ်လိုက်သည်။
အမေကျန်း၊ ကျန်းဝေနှင့် ဖက်တီးဝမ် တို့သည် သူ့အား ကြည့်လိုက်ကြသည်။ လူအိုစုံတွဲသည်ပင် အိမ်ထဲမှထွက်လာပြီး သူ၏လက်ထဲရှိ ဖုန်းကို စိုက်ကြည့်နေ၏။ သူတို့သည် ဒေဝါလီခံရပြီးကတည်းက၊ အဖေကျန်းသည် သူ့ဆီကို မည်သူကမှ ဖုန်းမခေါ်ခဲ့သလို၊ သူ၏ ဖုန်းကိုလည်း ဘယ်သူမှ မကိုင်ခဲ့ကြပေ။ ဒီ ၂ နှစ်အတွင်း၊ သူ၏ဘဝမှာ ဝမ်းနည်းမှုများနှင့် ခါးသီးမှုများကို ခံစားခဲ့ရသည်။
VOCÊ ESTÁ LENDO
ရှေးဖြစ်ဟော ဆရာသခင် (MM Translation)
Mistério / SuspenseEnglish Title - "Fortune Teller Master" Author - 信用卡 (Xinyongka) Chapters Status - Completed (138 Chapters + 5 Extras) I don't own this story, I just translate it credit to original author. Photo Credit