အပိုင်း (၈.၁) မန္တန်ကို ချိုးဖြတ်ခြင်း

411 62 0
                                    

Unicode

ကျန်းမိသားစု၏ ရှေးခေတ်အိမ်ကြီးတွင် စုစုပေါင်းဧရိယာ စတုရန်းမီတာ ၆၀ မှ ၇၀ ကျယ်ဝန်းသော ဝင်းကျယ်ကြီး တစ်ခုရှိသည်။ ခြံဝင်းနံရံအနီးတွင် (Jujube tree)1* ဇီးသီးပင်ကြီး တစ်ပင်ရှိသည်။

၎င်းဘေးတွင် ပြန်လည် ဖော်ယူထားသော မြေကွက်ငယ်တစ်ခုရှိသည်။ စိမ်းစိုသော မုန်ညင်းပင်အချို့ကို စိုက်ထား၏။ စင်ပေါ်တွင် ချိတ်ဆွဲထားသော အစိမ်းရောင် ခရမ်းချဉ်သီးအချို့လည်း ရှိသည်။ ၎င်းကို ကြည့်ရသည်မှာ အရမ်း ကျေနပ်ဖို့ ကောင်းပါသည်။

လင်းချင်းယင်သည် ကျောက်စိမ်းဆွဲသီးနှစ်ခုနှင့် ဦးထုပ်ကို ခြံအလယ်ရှိ ကျောက်စားပွဲပေါ်တွင် တင်ထားသည်။ ထို့နောက် သူ(မ) လွယ်အိတ်ထဲမှ ကျောက်ခဲသေးသေးများကို ဆွဲယူပြီး ၎င်းတို့ကို စားပွဲပေါ်တွင် စိတ်ကူးပေါက်သလို တင်ထားပုံရသည်။

ကျောက်တုံးများ၏ အရွယ်အစားနဲ့ ပုံသဏ္ဌာန်ကို မြင်လိုက်ရသော ဖက်တီးဝမ်သည် ထိုအရာက အတန်ငယ် ရင်းနှီးနေသည်ကို တွေ့လိုက်ရပြီး၊ ခဏလောက် တွေးဆကြည့်ပြီးတော့ သူက အံ့သြတကြီးဖြင့် အော်ဟစ်လိုက်သည်။

"ဆရာသခင်၊ အဲဒီနေ့က ကျွန်တော့် ဆိုင်ခန်းဘေးမှာ ထားထားတဲ့ ပစ္စည်းတွေ မဟုတ်ဘူးလား။ ကျွန်တော် အဲဒီနေရာလေးမှာ ထိုင်လိုက်တဲ့အခါ လေက အေးမြပြီး လေအေးပေးစက်ထက် ပိုပြီး သက်တောင့်သက်သာရှိတယ်!"

"ဆရာက ကျွန်တော့်ကို စောစော ပြောသင့်တာပေါ့။ ဒီလိုမှန်းသိရင် ကျွန်တော် ဒီရတနာတွေကို သိမ်းထားလိုက်သင့်တာ။ တခြားသူတွေ ကောက်ယူသွားရင် ဘယ်လိုလုပ်မလဲ"

ဖက်တီးဝမ်သည် စားပွဲပေါ်ရှိ ကျောက်တုံးဝိုင်းလေးကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဆရာ့ရဲ့ ရတနာတွေက ရိုးရှင်းလွန်းတော့၊ ကျွန်တော်က ဒီအတိုင်း ကျောက်တုံးတွေပဲလို့ ထင်လိုက်တာ။ ဒါကြောင့် အဲဒါကို သတိမထားမိလိုက်ဘူး"

လင်းချင်းယင်က သူ(မ)လက်ကို ဆန့်တန်းပြီး ဖက်တီးဝမ်ကို ဘေးသို့ တွန်းထုတ်လိုက်ပြီးနောက် သူ့အား ကျောက်တုံးတစ်ခုကို ပေးလိုက်သည်။

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Where stories live. Discover now