အပိုင်း(၃.၁) ဆင်းရဲတဲ့ ဗေဒင်ဟောသူ

427 63 0
                                    

Unicode

အန်တီကြီးက လင်းချင်းယင်ရဲ့  ဗေဒင်ဟောခဈေးကို သိလိုက်ပြီးနောက် တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူလိုက်သည်။ "ကောင်းပြီ၊ ယွမ် ၁၀၀၀... ယွမ် ၁၀၀၀ နော်၊ မင်းပြောတဲ့ ဈေးက အရမ်းတော့မများပါဘူး။"

သူ(မ)က လက်မထောင်ပြလိုက်ပြီး ပြောလိုက်သည် "လူငယ်တွေက အရမ်း ရိုးသားကြတာပဲ"

ဆရာကြီးဝမ်က သူ့နဖူးကို ဖုံးအုပ်ထားရင်း မျက်လုံးများ ပြုးကျယ်သွားခဲ့သည်။ သူ့နှလုံးသားလေး ကြေကွဲသွားပြီ။ နောက်ထပ် ယွမ် ၂၀၀ ထပ်တောင်းတုန်းက သူ့ကို ရိုက်ခဲ့တာ ဘယ်သူလဲ။ ယွမ် ၁၀၀၀ တောင်းတဲ့သူကျ ဘယ်လိုဖြစ်ပြီး ရိုးသွားတယ် ဖြစ်သွားတာလဲ။ သူ(မ)က အရမ်း ဘက်လိုက်နေတာမလား။

တကယ်တော့ ဆရာကြီးဝမ်က လင်းချင်းယင်ရဲ့  ဗေဒင်ဟောတာနဲ့ ပက်သက်ပြီး အလေးအနက်မထားခဲ့ဘူး။ သူ့ရဲ့အမြင်အရ၊ ဗေဒင်ဟောခြင်းဆိုတာ ဖောက်သည်တွေရဲ့  စိတ်နေသဘေားထား၊ အမူအရာ၊ ဝတ်စားဆင်ယင်မှုနှင့် အသံနေ အသံထားတို့ကို အခြေခံပြီး လူတစ်ယောက်ရဲ့  စိတ်ပညာကို တွက်ချက်ရန် ဖြစ်ပါသည်။

ထို့နောက် ဖောက်သည်များအား အခြေအနေအရ သင့်တော်သလို လှည့်ဖျားရ၏။ အားလုံးကို အမှန်တကယ် ဟောတယ်ဆိုတာ မရှိဘူး။ ဒါကြောင့် သူ ဗေဒင်ဟောတုန်းက အမှတ် ၃၀၀ နီးပါး ခန့်မှန်းနိုင်တယ်ဆိုရင် လုံးဝကို အံ့ဩသင့်စရာ ဖြစ်နေပြီ။ ဈေးက ရလဒ်ပေါ် မူတည်ပြီး ညှိနှိုင်းလို့ ရနိုင်သည်။ အားလုံးက ဘာမှတော့ မဟုတ်ဘူး၊ သူက ပါးစပ်ကို ဖွင့်လိုက်ရုံသာ။

ဒါပေမဲ့ ဒီဆယ်ကျော်သက် မိန်းကလေးက ယွမ် ၁၀၀၀ လောက် တောင်းရဲလိမ့်မယ်လို့ သူက ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဒါ့အပြင် ဒီအဘွားကြီးက အသီးအရွက်တွေအတွက်ဆို အမြဲတမ်း ဆယ်ပြားလောက်ထိ ဈေးဆစ်တတ်တဲ့သူက အခုလို ပေးဖို့ ဆန္ဒရှိနေတယ်။ အဲ့ဒါက လုံးဝကို အံ့ဩစရာပဲ။

လင်းချင်းယင်အပေါ်  ဆရာကြီးဝမ်ရဲ့  အမြင်က ပြောင်းလဲသွားသည်။ ဒါက အရည်အချင်းတစ်ခုပဲ!

ဈေးရောင်းသူက ဆရာကြီးဝမ်ရဲ့  မျက်နှာပေါ်မှ မျက်ရည်များနှင့် စိတ်လှုပ်ရှားမှုတွေကို မြင်တဲ့အခါ သူက ဆရာကြီးဝမ်ကို သူ့လက်မောင်းနဲ့ ရိုက်လိုက်ကာ "ဒီကလေးမလေးရဲ့  ဗေဒင်တွက်တာ မှန်တယ်လို့ မင်းထင်လား။"

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Where stories live. Discover now