အပိုင်း(၅)Zawgyi

Start from the beginning
                                    

ဒီဝိဥာဉ်ပိတ်လှောင်ခြင်းလက်သည်းကဆိုရင် ဖမ်းဆီးခံထားရတဲ့ နတ်ဆိုးတွေအပေါ်မှာအသုံးပြုတဲ့ သာမန်နည်းလမ်းတစ်ခုပဲ။ မတိုင်ခင်က ရှဲ့ဟိုင် သေချာလေ့လာခဲ့ပြီးပြီ။ သာမန်လူတွေအတွက် ဒီဝိဥာဉ်ချိတ်ပိတ်ခြင်းစည်းတံဆိပ်ကို ဖျက်ဆီးဖို့ တကယ်ကို ခက်ခဲတယ်။ ဒါပေမဲ့ သူ့ရဲ့ အခြေခံက သာမန်လူတွေနဲ့ မတူညီတဲ့အတွက် ဒီဝိဥာဉ်ချိတ်ပိတ်ခြင်းလက်သည်းအောက်မှာ သူ့ရဲ့ကျင့်ကြံဆင့် ဆယ်ရာခိုင်နှုန်းကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။

သူ့ရဲ့ဆယ်ရာခိုင်နှုန်းသော ကျင့်ကြံဆင့်က ဖန်းလိနဲ့ ယှဉ်ဖို့မလုံလောက်ပေမဲ့ သူ့ရဲ့ ကျန်ရှိတဲ့ အခြေခံကျင့်ကြံဆင့်ဆယ်ရာခိုင်နှုန်းနဲ့ဆိုရင် ခဏလေးအတွင်း စည်းတံဆိပ်ကို ဖောက်ခွဲပြီး သူ့ရဲ့ရှိသမျှအားတွေနဲ့ ချိုးဖျက်ပစ်လိုက်လို့ရတယ်။

ဒါပေမဲ့ ဒါကနောက်ဆုံးသော ခိုကိုးရာပဲ။

ဒီလို အတင်းအကြပ်ချိုးဖောက်ခြင်းဟာဆိုရင် သူ့ခန္ဓာကိုယ်မှာ ရှိတဲ့ အခြေခံကျင့ကြံဆင့်တွေအားလုံးကို ပျက်စီးသွားစေနိုင်တယ်။ သူဖန်းလိကို သူရှိသမျှအားနဲ့ လက်တစ်ဖျောက်စာလေးအတွင်း သတ်နိုင်ပေမဲ့ သူလည်းပဲ သေလုမြောပါးဖြစ်သွားမှာ။ ဒီအခွင့်အရေးကတစ်ခါပဲရမှာ။ အချိန်ကောင်းကို မတွေ့ဘူးဆိုရင် မသုံးတာပိုကောင်းမယ်။ ဒါမှမဟုတ်ရင် မင်း သေတာပဲ အဖတ်တင်လိမ့်မယ်။ သေဆုံးခြင်းက တန်ဖိုးမရှိသလို ဖြစ်သွားလိမ့်မယ်။

သူဖူချုန်တောင်ကို နတ်ဆိုးတွေကို သုတ်သင်ဖို့လာခဲ့တာ။ မိစ္ဆာနတ်ဆိုး သေသွားမယ်ဆိုရင် ဖူချုန်တောင်မှာ ပိုင်ရှင်မရှိတော့ဘူး။ပြီးတော့ ပြိုကွဲသွားမှာကိုလည်း ကြောက်စရာမလိုတော့ဘူး။ မှန်ကန်တဲ့နည်းလမ်းကသာ နတ်ဆိုးတွေကို ကွပ်မျက်နိုင်လိမ့်မယ်။ သူဒီကိုမလာခင် အရှက်ခွဲခံရခြင်း၊ စော်ကားခံရခြင်း၊ မဟားတရားပြုကျင့်ခံရခြင်းဆိုတဲ့အရာတွေရဲ့ ဖြစ်နိုင်တဲ့အခြေအနေတွေအတွက် သူပြင်ဆင်ထားခဲ့တယ်။ ဒါပေမဲ့ ဒီမိစ္ဆာဘုရင်က သူ့ကို ထိတောင်ထိမသွားဘူး။

ရှဲ့ဟိုင်ရဲ့မျက်ဝန်းထဲ သံသယတချို့ ဖြတ်ပြေးသွားခဲ့တယ်။

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now