Episode(9)

3.9K 364 129
                                    

[Unicode]

"အင့်~အွန်း"

တစ်ဖြည်းဖြည်းလူလွန့်လာသော ပုံရိပ်လေးကိုကြည့်လို့ ရိပေါ်နှုတ်ခမ်းများဟာ ကျေနပ်စွာ တွန့်ကွေးနေလျှက်။

ဒီလိုပုံစံနဲ့အတူတူနိုးထကြဖို့အချိန်တွေသိပ်မလိုတော့ဘူး။

"မွခ်ျ"

ဒီကလေးလေးကို ချစ်လိုက်တာ။
ငယ်ငယ်ထဲက 528မေတ္တာတွေနဲ့သိပ်ချစ်လွန်းလို့ သူ့မျက်စိရှေ့ကအပျောက်မခံနိုင်ခဲ့ဘူး။
အခုကြီးလာတော့လည်း ဒီကလေးလေးအပေါ်မှာဘဲ သူ့နှလုံးသားက ခုန်လှုပ်လာကာ 1500မေတ္တာတွေနဲ့ချစ်ခဲ့မိပြန်ပြီး လိုချင်တပ်မက်မိလာပြန်သည်။

သူသာစောစောစီးစီး သူ့ခံစားချက်တွေကိုသိပြီး ဖွင့်ပြောနိုင်ခဲ့ရင် အခုအချိန်ဆို လက်ထပ်ပြီး ဘယ်လောက်တောင်ကြည်နူးစရာကောင်းနေမလဲ။

တစ်ကယ်တော့ သူညံ့ခဲ့တာပါ။

"အိပ်ရေးဝပြီလား"

မျက်ခုံးတန်းလေးတွေစုကျုံ့ပြီး မျက်ဝန်းသွယ်သွယ်လေးတွေ ဖွင့်လှစ်လာသည့်အခါ ရိပေါ်ကပြုံးလျှက်ဖြင့်ထိုသူရဲ့နူးညံ့တဲ့ဆံနွယ်တွေကိုပွတ်သပ်ပေးရင်းမေးလာသည်။

"အွန်း~"

"မျက်လုံးကိုလက်နဲ့မပွတ်ရဘူးလေ"

"အွန်း"

ထိုသို့ဆိုရင်း သူ့ရင်ခွင်ထဲကို တိုးဝင်လာသည့်ကလေးလေးကို ရိပေါ် ချစ်မြတ်နိုးစွာ နမ်းရှိုက်လိုက်တယ်။

"အလုပ်မသွားဘူးလား"

"အင်း ဒီနေ့မသွားဘူး ကလေးကို ရှောင်းအိမ်တော်ဆီပြန်အပ်မလို့လေ"

"ဘာစကားကြီးလဲ ခါတိုင်းလည်းလာအိပ်နေကျကို"

"ဘယ်တူမလဲ ချစ်သူဖြစ်ပြီးမှလာအိပ်တော့ ကိုယ့်နောက်ကိုလိုက်လာတာနဲ့အတူတူဘဲ အဲ့ဒါကြောင့် ဒီနေ့ပြန်အပ်ပြီး လူကြီးတွေဆီတစ်ခါထဲ လက်ထပ်ခွင့်တောင်းမယ်"

"လူလည်ကျတယ်! မလွန်လွန်းဘူးလား ခဗျား"

"ဘာကိုလွန်ရမှာလဲ အချစ်လေးကိုမခွဲချင်တော့ဘူးလေ အမြဲအတူနေချင်တာ"

Xiao's Uncle Wang ( completed )Where stories live. Discover now