Episode(4)

4.2K 454 101
                                    

[Unicode]

"ရှောင်း"

သူငယ်ချင်းတွေစီကအပြန် အခန်းထဲဝင်,ဝင်ချင်း သူ့ကို ဆွဲဖက်လိုက်သော ဦးငယ်ကြောင့် ရှောင်းကျန့်မှာအနည်းငယ်ရှက်နေမိသလိုခံစားရသည်။

"အခုထိမပြန်သေးဘူးလား"

"အင်း!ရှောင်းကိုသေချာချော့ချင်လို့စောင့်နေတာ...အဲ့ဒီကိစ္စက"

"ရှောင်းစိတ်ထဲမရှိတော့ပါဘူး"

ရှောင်းကျန့်ကထိုသို့ပြောရင်း သူ့ဘက်ကစ၍ ရိပေါ်ကိုတင်းကြပ်စွာဖက်ထားသည်။

"ပိုင်ယန်ကငယ်ငယ်ကလိုမဟုတ်တော့ပါဘူး,
အရမ်းတော်တဲ့မိန်းမကောင်းလေးပါ...ပြီးတော့ ရှောင်းရဲ့အစ်မဘဲလေ"

ဟင့်အင်း!သူမက အရမ်းအကျင့်ယုတ်တယ်!
အကျင့်ကောင်းတဲ့ မျက်နှာဖုံးစွပ်ထားတာပါ။
ဦးငယ်နဲ့လုံးဝမလိုက်ဖက်ဘူး။

ရှောင်းကျန့်အမှန်အတိုင်းပြောရရင်ဦးငယ်ကိုသူတစ်ယောက်ထဲဘဲပိုင်ချင်တာ။ဦးငယ်ကိုမဆုံးရှုံးချင်ဘူး။

ဒါက ဦးငယ်က သူ့ကိုအမြဲအလိုလိုက်လို့များလား။
ဒါမှမဟုတ်တစ်ခြားအကြောင်းအရင်းကရော!

ရှောင်းကျန့် ဦးငယ်ရဲ့ ကိုယ်သင်းနံ့ကို ရှူရှိုက်ရင်း သိသိသာသာနှလုံးသားကအခုန်မြန်လာတာကိုခံစားမိသည်။

ပိုင်ယန်နေရာမှာ သူသာဆိုလျှင်....

ထိုအတွေးနှင့်အတူဦးငယ်ရဲ့လက်မောင်းကိုဆုပ်ကိုင်ထားသော ရှောင်းကျန့် လက်တို့တင်းကြပ်ကုန်သည်။

ပိုင်ယန်ကသူ(ရှောင်းကျန့်)ပိုင်တဲ့အရာတွေအကုန်လုံးကို လုယူချင်နေတာ။အခု ဦးငယ်အပါအဝင်ဘဲ။

ခုနကလည်းသူ့ကိုအောင်နိုင်သူတစ်ယောက်လိုပြုံးပြလာတာ အလွန်အမြင်ကပ်ဖို့ကောင်းတယ်။

ရှောင်းကျန့်ကို ဒါမျိုးလာကြောလို့ရမလား!
သေချာပေါက်ဦးငယ်နဲ့ရှောင်းပိုင်ယန်တို့လက်မထပ်စေရဘူးလို့ ရှောင်းကျန့်ကျိန်ဆိုတယ်။

ပြီးတော့ ဦးငယ်ကိုလည်း...

"ချစ်တယ်"

"ဟင်!"

Xiao's Uncle Wang ( completed )Where stories live. Discover now