Episode(11)

4.5K 375 37
                                    

[Unicode]

"သောက်ခွေးတွေ!"

အခန်းထဲဝင်လာလာချင်း ရိပေါ်က ဆဲရေးလို့ ဝမ်ချောင်နှိပ်စက်ထားတဲ့ လူသုံးယောက်ကို ခြေထောက်ဖြင့်ဆက်တိုက်ကန်နေသည်။

"ခိုင်းတဲ့လူရဲ့အချက်အလက်တွေ"

ထိုသို့ဆိုရင်းဝမ်ချောင်က ဖိုင်တစ်ဖိုင်ကိုပေးလာသဖြင့် ရိပေါ်ကနှုတ်ခမ်းတွန့်ကာပြုံးလို့ယူလိုက်သည်။

အဲ့ဒီလိုတွေအရမ်းတော်လို့ ကြေးစားလောကမှာ ဝမ်ချောင်ကိုဘဲ လူယုံအဖြစ်ထားပြီးသုံးခဲ့တာ။

အခုလည်းကြည့်!ဖမ်းလာတာဘယ်လောက်မှတောင်မကြာသေးဘူး အပြင်းထန်ဆုံးနည်းနဲ့စစ်ဆေးပြီးလို့ နောက်ကွယ်ကလူရဲ့အချက်အလက်ကိုတောင်ရလာခဲ့ပြီ။

သူကဒီလောကနဲ့သိပ်တော့အစပ်အယှက်မရှိပေမဲ့ ကုမ္ပဏီတစ်ခုကို အုပ်ချုပ်နေတဲ့သူမလို့ အပြင်အဆိုင်ပေါသဖြင့် မြေအောက်လောက,က အကြမ်းတမ်းဆုံးသူတွေကို ကြေးမြင့်မြင့်ပေးသုံးထားရသည်။

"ရှောင်းပိုင်ရန်!ဟက်!"

သူ့ရဲ့ရှောင်းကိုလုပ်ကြံတဲ့သူရဲ့နာမည်ကြားရုံနဲ့တင်ရိပေါ်သွေးတွေပွက်ပွက်စူလာကာ ထိုမိန်းမကို ရိုက်နှက်ပစ်ပြီးအကြမ်းတမ်းဆုံးနည်းလမ်းတွေနဲ့ နှိပ်စက်ချင်မိသည်အထိ။

ဝမ်းချောင်ရှာထားတဲ့ရှောင်းပိုင်ရန်ရဲ့အချက်အလက်တွေက သူသိခဲ့တာတွေထပ်တောင်ပိုနေသေးသည်။

သူတို့အားလုံး ရှောင်းပိုင်ရန်ကို အရမ်းတော် ၊ အရမ်းထူးချွန်ပြီး ဣန္ဒြေရှိတဲ့လူလို့သိထားခဲ့ကြတာ။

သို့ပေမဲ့ဒီထဲမှာရည်းစားကိုအထည်လဲတွဲတတ်သည့်အပြင် ၊ ကျောင်းတက်တုန်းကလည်း သူမထပ် အားငယ်တဲ့သူတွေကိုအနိုင်ကျင့်တတ်သေးသည်။

ငယ်ငယ်ကအကျင့်တွေပျောက်ပြီထင်ခဲ့တာ!
မွေးရာပါဗီဇကဘယ်တော့မှမပျောက်ဘူးဘဲ။

အဓိက သူ့ရဲ့ရှောင်းကိုလုပ်ကြံတဲ့အကြောင်းအရင်းက ရှောင်းပိုင်ယန်က သူ(ရိပေါ်)ကိုသဘောကျနေပြီး ရှောင်းကို မနာလိုလို့တဲ့!

Xiao's Uncle Wang ( completed )Dove le storie prendono vita. Scoprilo ora