Episode(2)

4.1K 404 91
                                    

[Unicode]

"ဦးငယ်!"

လွယ်အိတ်ကို ဘေးတစ်စောင်းလွယ်လို့ ဂုတ်လောက်ထိရှည်တဲ့ဆံနွယ်တွေကို မြှောက်စီးထားတဲ့ 18နှစ်အရွယ် ရှောင်းပေါက်စက တစ်ကယ့်ပဲလေး။

ဆံပင်အရောင်ကိုလည်းတစ်နေ့တစ်မျိုးမရိုးရအောင် ဆိုးတတ်သေးတာ။အခုပုံစံကလည်း အပေါ်မှာမြှောက်စီးထားတာက တစ်ရောင် ၊ အောက်မှာအနည်းငယ်ဖြန့်ကျက်ထားတာက တစ်ရောင်နှင့်အတော်ကိုကြည့်ကောင်းလွန်းသည်ဟုဆိုရမည်။

"ဘာအလိုရှိသလဲ ပြောပါဗျာ"

ရှောင်းကျန့်အတွက်ဆို ရိပေါ်ကိုယ်တိုင်က လိုလိုလားလားဖြစ်နေပြီး အလိုလိုက်ပေးချင်မိတာ။

"ရှောင်းက အခုသူငယ်ချင်းတွေနဲ့ အပြင်သွားမလို့လေ အဲ့ဒါ ပါးပါးပေးသုံးတဲ့ limitက ကုန်သွားပြီသိလား"

စကားပြောသည့်အခါ အမြဲတမ်း သူ့ကိုယ်သူ ရှောင်းဟု သုံးနှုန်းပုံကရှောင်းနဲ့ပတ်သတ်ပြီးရိပေါ်သဘောကျရတဲ့အရာတစ်ခု။

အခုလည်းအောက်နှုတ်ခမ်းပါးလေးကိုရှေ့ထုတ်ပြီးစူထော်ထားကာမျက်လုံးရွဲကြီးတွေနဲ့ချစ်ဖို့ကောင်းအောင်လုပ်ပြနေတဲ့ ကလေးလေးကြောင့် ရိပေါ်က တစ်ချက်ရယ်လိုက်ရင်း အလိုက်တသိ သူ့အိတ်ထဲက ကဒ်တစ်ကဒ်ကိုထုတ်ပေးလိုက်သည်။

တစ်ကယ်တော့ ရှောင်းသခင်ကြီးက ရှောင်းကျန့်ကို ကြိုက်သလောက်သုံး ဘာမှမပြောပေမဲ့ တစ်ဖြည်းဖြည်း အရွယ်ရောက်လာသည်နှင့်အမျှအသုံးကြမ်းလာသောကြောင့် limitနှင့်သာသုံးခိုင်းသည်။
limitဆိုပေမဲ့လည်း ရှောင်းကျန့်အတွက် တစ်လစာက သာမန်လူအတွက် များစွာပိုလျှံတဲ့ amountဖြစ်ပေမဲ့ ရှောင်းကျန့်အတွက်တော့ ဘယ်တော့မှ မလုံလောက်ပေ။

အဲ့ဒါကြောင့် လူလည်လေးရှောင်းကျန့်က ရိပေါ်ဆီမှာအမြဲလက်ဝါးဖြန့်တောင်းတတ်သည်။

"သုံးတာက ရပါတယ် မဖြုန်းနဲ့ပေါ့... ကိုယ့်ငွေတွေကုန်လို့ပြောတာမဟုတ်ဘူးဆိုတာ သိတယ်မလား"

"သိပါတယ် ဟီး!ဦးငယ်အကောင်းဆုံးဘဲ မွခ်ျ!"

ဖျတ်ခနဲ သူ့ပါးကိုနမ်းလိုက်သော ရှောင်းကြောင့် ရိပေါ်မှာ အသည်းယားစွာ ရှောင်းရဲ့ပါးလေးကို ဆွဲဖျစ်မိသည်။

Xiao's Uncle Wang ( completed )Tahanan ng mga kuwento. Tumuklas ngayon