' ကောင်းတယ် ...။'

' မကောင်းဘူး ...။'

ရှောင်းကျန့် သူ ကာယကံရှင် က လက်မခံရသေးဘူး ..။ ကောင်းတယ် ဆိုပြီး ဝင်လှော်လာပြန်တဲ့ ယွီ့ကျင်း ကြောင့် မကောင်းဘူး လို့ ပြောပစ်လိုက်သည်။

' မင်း က ကိုယ့်ကို လက်မခံ နိုင်လို့လား ...။'

' ဟုတ်တယ် လို့ ပြောရင် ...။'

' ကိုယ်ကတော့ မင်း ကို လက်ခံနိုင်တယ်။'

ရှောင်းကျန့် သူက ဆုံးအောင်တောင် မပြောရသေးဘူး သူ့စကားကို ဖြတ်ပြောလာတဲ့ ဝမ်ရိပေါ် ကြောင့် နောက်က ယွီ့ကျင်း ကို လှည့်ကြည့်မိသွားသည်။ လှည့်ကြည့်တယ် ဆိုတာထက် "ဘယ်လို လုပ်မလဲ" ဆိုပြီး အချက်ပြတာပါ။

ယွီ့ကျင်း လည်း ဝမ်ရိပေါ် ဆီက ခုလို မြန်မြန်ကြီး ပြောလာမယ် မထင်တာကြောင့် တခဏတော့ ဘာဝင်ပြောရမှန်း မသိ ဖြစ်သွားသည်။

' ပြီးတော့ မင်း လည်း လူကြီးတွေရဲ့ စကားကို မပယ်ရှားဘူးလို့ ကိုယ် ခံစားလို့ ရနေတယ်။'

' ဒါဆို ကျနော် တို့က မချစ်ပဲ လက်ထပ် လိုက်ကြမလို့လား ...။'

ရိပေါ် သူ့ကို ခပ်ဆတ်ဆတ် လေး ပြန်ပြောလာတဲ့ ကောင်မလေးကြောင့် မတည် မပြုံး မျက်နှာ ဖြစ်သွားပြီး အနောက်ကို ကြည့်တယ်ဆိုရုံ တစ်ချက် စောင်းလိုက်ပြီး ...

' အဲ့ဒါကြောင့် မင်း နဲ့ ကိုယ် ရင်းနှီးမှု အရင် ယူသင့်တယ်လို့ ပြောနေတာပေါ့။ မင်း ကိုယ့်အကြောင်း မသိချင်ဘူးလား ...။'

ရှောင်းကျန့် သူ ယွီ့ကျင်း ဆီကို ထပ်စောင်းကြည့်တော့ လက်ခံ လိုက်ဆိုပြီး ခေါင်းဆတ်ပြလာတာ တွေ့တာကြောင့် ဘာမှ ပြန်မပြောပဲ နေ နေ လိုက်သည်။

' ဒါဆို ကိုယ် ပြောတာ မင်း လက်ခံ ပြီလို့ ယူဆ လိုက်တော့မယ်။ အဲ့ဒါကြောင့် အရှေ့မှာ ရောက်တော့မယ့် စားသောက်ဆိုင်မှာ နေ့လည်စာ စားရင်း စကားပြောကြတာပေါ့။'

~~~~~~~~~

သူတို့ ကား ရပ်သွားတော့ ရှောင်းကျန့် နဲ့ ယွီ့ကျင်း အရင် ဆင်းလိုက်သည်။

ကားပေါ်က ဆင်းတာနဲ့ ရှောင်းကျန့် သူ့ အနား ရပ်လာတဲ့ ယွီ့ကျင်းရဲ့ လက်ကို ရိုက်ပစ်လိုက်သည်။

What's wrong? ( Completed )Where stories live. Discover now