ပြောရင်းနဲ့ စပျစ်သီးတစ်လုံးကို ပါးစပ်ထဲခွံပေးလာသည်။

"ဒီစပျစ်သီးကချိုတော့ချိုပေမဲ့ သိပ်မချိုဘူး"

"ဟမ်!!"

"မင်းနှုတ်ခမ်းတွေက ပိုချိုတယ်။အဲ့တော့ နမ်းချင်လာပြန်ပြီ။"

ပါးစပ်ထဲစုထည့်ထားတဲ့ စပျစ်သီးတွေကိုပဲ မဝါးပဲဒီအတိုင်းတောင် မြိုချမိလိုက်သလားပင် မသိတော့ပါ။

"အဟွတ်!!!အဟွတ် မင်းတို့ London ကပျင်းစရာပဲနော်"

တကယ့်လူလည်လေး စကားလမ်းကြောင်းကိုချက်ချင်းလွှဲသွားပါသည်။

လည်ပတ်စရာနေရာအများအပြားရှိတဲ့ မြို့ကိုရောက်နေပေမဲ့ ချစ်သူအခန်းထဲပဲနေပြီး ပျင်းနေတဲ့သူဆိုလို့  Park Jimin တစ်ယောက်ပဲရှိပါလိမ့်မည်။

"ကဲ!! အဲ့ဒါဆို အပျင်းပြေ ဂိမ်းတစ်ခုလောက်ဆော့ကြမလား"

"ဆော့မယ် ဆော့မယ် ဘယ်လိုဂိမ်းမျိုးလဲ"

မျက်လုံးလေးတွေက လက်ခနဲဖြစ်သွားပြီးအနားကပ်ကာ စိတ်ဝင်တစားမေးလာသည်။

"အာဘွားပေးတိုင်း ကစားကြမလား"

"မင်း!!"

"အပျင်းပြေဆော့ချင်တာဆို ကိုယ့်ခေါင်းထဲကလည်း အဲ့ကစားနည်းတစ်ခုပဲထွက်တယ်။ကျန်တဲ့ဂိမ်းတွေက ရှိသေးတာလား"

"...."

"ကိုယ်တော့ ဒီတစ်ခုပဲစဥ်းစားလို့ရတယ်"

မရေတွက်နိုင်တဲ့ ကစားနည်းပေါင်းအမြောက်အများက ကြားသွားရင် ထိုင်ငိုနေလောက်ပါသည်။

"တော်ပြီ ဘာဂိမ်းမှမဆော့ဘူး။"

"ဟားးးစတာပါကွာ...ညဘက်အပြင်ထွက်ပြီးလမ်းလျှောက်ကြမလား။London ရဲ့ညဘက်ရှူခင်းသွားကြည့်ရအောင်"

"ငါတို့ Seoul လောက်လှရဲ့လား?"

"ပိုလှတယ်"

"ဒီမှာ Seoul ရဲ့ညဘက်ရှူခင်းကလည်း..."

"မင်းက "

"ဟမ်!!"

"London နဲ့ Seoulရဲ့ ညဘက်ရှုခင်းတွေလှတာထက် မင်းကပိုလှတယ်။"

Jeon Jung Kook ကတကယ်ကိုအန္တာရယ်များပါသည်။ ရင်တွေအရမ်းခုန်ပြီး အပြင်ကနေတောင် အသံကြားသွားရမှာစိုးရိမ်ရပါသည်။

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now