အပိုင်း(၄.၁)zawgyi

Start from the beginning
                                    

ရှဲ့ဟိုင်က ပန်းလေးတွေနဲ့ ကျောက်စိမ်းလေးတွေကို ဘယ်လိုသနားအောင် လုပ်ရမလဲမသိဘူးပဲ။ ဖန်းလိကတော့ လုပ်ခဲ့တယ်။ သူက အလှလေးတွေ နာကျင်နေတာကို မကြည့်ချင်ဘူး။ ဒါ့ကြောင့် နူးနူးညံ့ညံ့ပြောလိုက်တယ်။ “ မငိုပါနဲ့”

ရေနတ်ဆိုးက ဖန်းလိရဲ့ မျက်နှာကို မှင်တက်စွာနဲ့ ငေးလိုက်မိတယ်။ ဒီအချိန်လေးကို တွေဝေငေးမောဖြစ်နေတာကို မထိန်းနိုင်ဖြစ်သွားတယ်။ သူ့မျက်နှာက အမြဲတမ်း အေးစက်ပြီး တင်းမာနေတတ်ပေမဲ့ နူးညံ့မှုလေးကို သနားခြင်းနဲ့ တစ်ချိန်တည်းမှာဖော်ပြနေတယ်။ သူ့ရဲ့ အသံကလည်း ညှို့ယူဖမ်းစားနေသလိုပဲ။ သူ့နှလုံးသားလေးတဒိန်းဒိန်းခုန်နေပြီး သူ့မျက်နှာလေးကလည်း နူးညံ့သိမ်မွေ့နေတာပဲ။ နတ်ဘုရားက သူ့ကို ထူးထူခြားခြားဆက်ဆံနေတာပဲ။ ဖြစ်နိုင်တာက   ဖြစ်နိုင်တာက.......

ဖန်းလိက ဒီပြီးပြည့်စုံနေတဲ့လူကို နှစ်သိမ့်ပြီးတဲ့နောက် ရှဲ့ဟိုင်ကို လှည့်ကြည့်လိုက်တယ်။

ရှဲ့ဟိုင်က သူ့လက်ထဲက စစ်တုရင်အပိုင်းလေးတွေကို အောက်ကိုတောင် ချပြီးသွားပြီ။ သူ့ကို တည်တည်ငြိမ်ငြိမ်ကြည့်လိုက်ပြီး သူ့ရဲ့ မျက်လုံးနက်နက်တွေက သူ့ကို ပထမဆုံးစတွေ့တဲ့ အချိန်တုန်းကလိုပဲ အေးစက်စက်နဲ့ ကွဲပြားသွားတာမရှိဘဲ နက်မှောင်ပြီး မတုန်မလှုပ်ရှိနေတုန်းပဲ။ သူလုံးဝကို ဂရုမစိုက်ရင် နောက်ပြီး ဘာဖြစ်မလဲ။

ဖန်းလိရဲ့ နှုတ်ခမ်းထောင့်တွေက တဖြည်းဖြည်းမြင့်တက်လာတယ်။ အသံက ရှည်လျားနေတယ်။ “သူ့အတွက်က .....”

ရေနတ်ဆိုးနဲ့ လူတိုင်းက အသက်ရှုတာကို ထိန်းထားလိုက်ကြပြီး အရှင်က သူ့ကို ကွက်မျက်မှာကို စောင့်ရင်း စိတ်လှုပ်ရှားမှုကြောင့် တုန်ရီလာတယ်။

လူတိုင်းကလည်း တူညီတဲ့ အတွေးတွေနဲ့ ။ မတိုင်ခင်ကလည်း အရှင့်ရှေ့မှာ ဇာချဲ့နေတဲ့ လူတစ်ယောက်ရှိခဲ့ဖူးတယ်။ အရှင်က မှန်းလား မှားလားဆိုတာကို ချင့်ချိန်ခြင်းကို ဂရုတောင်စိုက်မနေခဲ့ဘူး။ အဲ့နှစ်ယောက်လုံးကို Meteor ပင်လယ်ထဲကို ငါးစာအဖြစ် ကျွေးလိုက်တယ်။ အဲ့ကတည်းကစပြီး လူတိုင်းက သတိနဲ့ နေလာကြတယ်။ သူဝေးဝေးကို မသွားရဲတော့သလို အရှင့်ရှေ့မှာလည်း ပြဿနာတွေမရှာရဲတော့ဘူး။

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now