'ဒီတော့ ကျိရင်က ငါ့အကြောင်းပဲ တွေးနေပြီး ငါပေါ်လာမှာကို စောင့်နေခဲ့တာပေါ့'

........ ဒါပေမဲ့ အခု ငါသူ့ရှေ့မှာ ရောက်နေပြီလေ ဘာလို့ ငါ့ကို ပြေးပြီး လာမဖက်သေးတာလဲ........

............. ရပြီ သေချာတယ် အခုက အချိန်ကောင်းမဟုတ်လို့ပဲ နေမှာ ဒါပေမဲ့ အဆင်ပြေပါတယ်............

ထို့အပြင် အရေးအကြီးဆုံးမှာ..........

ယင်ညန် မျက်လွှာတစ်ချက်ပင့်လိုက်ပြီး

"ဒါဆို မင်းတို့ ကပ္ပတိန်နဲ့ မျိုးရိုးနာမည် ယန် နဲ့တစ်ယောက်က ဘယ်လို ပတ်သက်သွားရတာလဲ"

ရှောင်ကျင်းက ပြောသည်။

"သူက အဆင့်မြင့် နေရာလွတ်(အာကာသ)စွမ်းအားရှင်လေ ဒီအချိန်မှာ ယန်ဖူတစ်ယောက်ထဲကပဲ ကပ္ပတိန်ရဲ့ ချစ်သူဖြစ်ဖို့ အရည်အချင်းမှီတယ်"

ယင်ညန်၏ မျက်နှာတစ်ပြင်လုံး ရုတ်ချည်း မည်းမှောင်သွားသည်။

".........."

သူ၏ ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် မည်းမှောင်သွားသောကြောင့် ရှောင်ကျင်း ကြောင်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူမျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ သူတို့အားလုံး သူတို့ခရီး၏ လမ်းဆုံးဖြစ်သော ရေအရင်းအမြစ်နားတွင် ပြန်ပေါ်လာသည်ကို သိလိုက်သည်။

37 02

ကျန်းကျိရင်မှာ ဘာဖြစ်သွားမှန်းကို မသိလိုက်သောကြောင့် နောက်မှ သုံးယောက်ကို ကြောင်တက်တက်လေး လှည့်ကြည့်လိုက်သည်။

ယင်ညန်သည် မျက်နှာကို မော်ချီထားပြီး

"ဒါဆို ကိုယ်လည်း အဆင့်မြင့် အာကာသစွမ်းရည်ပိုင်ရှင်ပဲလေ"

ဤအချိန်တွင် တာ့တောက်သည်လည်း စိတ်ဝင်စားမှုရှိလာကာ

"ဒေါက်တာယင် ဒေါက်တာ အမြွှာစွမ်းရည်ပိုင်ရှင်လား"

ယင်ညန် မျက်နှာကို ပို၍ပင် မော့လိုက်သေးကာ ရှောင်ကျင်းနှင့်တာ့တောက်မှာ သူ့ကို ပို၍ပင် လေးစားလာတော့သည်။

သူ့လူနှစ်ယောက်၏ အလွန်အမင်း လေးစားနေသော အမူအယာများကို ကြည့်နေသော ကျန်းကျိရင် ".........."

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now