(1) ဒစ်ဂျစ်တယ်နာရီ

Start from the beginning
                                    

TV က သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြသနေတယ်။ ကင်မရာမီးရောင်တွေက တဖြတ်ဖြတ်လက်နေပြီး မှားနိုင်စရာမရှိလောက်အောင် ရင်းနှီးနေတဲ့ ခန်းကျန့်ရဲ့မျက်နှာကို အလုအယက် ဖော်ပြနေကြတယ်။ အဲဒိမျက်နှာပေါ်မှာ မျက်စိကျိန်းစပ်နိုင်လောက်အောင် တောက်ပနေတဲ့ အပြုံးတစ်ခုလည်း ရှိသေးတယ်။

"သူမက အားလုံးရဲ့ကောင်းချီးတွေကို အလွန်တရာမှ ကျေးဇူးတင်လျက်ရှိပြီး ခန်းကျန့်ကိုလည်း ဒိထက်ပိုပြီး ထောက်ခံပေးသွားဖို့မျှော်လင့်ကြောင်း ရေးသားခဲ့ပါတယ်။ ခန်းကျန့်ရဲ့အောင်မြင်မှုဆီသို့သွားရာလမ်းကြောင်းကတော့ မလွယ်ကူလှပါဘူး။ သူက သနားကြင်နာတတ်ပြီး ဖြောင့်မတ်မှန်ကန်တဲ့ လူမျိုးဖြစ်ကြောင်းလည်း ပြသခဲ့ပါတယ်။ မဟုတ်မှန်တဲ့ ကောလဟလတွေကို လွှင့်သူတွေနဲ့ လိင်တူချစ်သူဖြစ်ကြောင်း စွပ်စွဲခဲ့တဲ့ ပိုင်လန်တို့ကိုတော့ စိတ်မကောင်းဖြစ်မိရုံမှမတပါး ဘာမှရှိကြောင်း ရှန်းလင်းလင်းက ဖော်ပြခဲ့ပါတယ်။ သူမက ခန်းကျန့်နဲ့ နှစ်နှစ်တိုင်တိုင်ချစ်သူတွေ ဖြစ်ခဲ့ကြပြီး ယခုအချိန်မှ တရားဝင်ကြေငြာ........"

TV ကကြေငြာသံတွေကို ကြားပြီး ပိုင်လန်ရဲ့ တကိုယ်လုံးက တုန်လာတယ်။

"အခုတော့ သူတို့နှစ်ဦးက အနာဂတ်အတွက် အစီအစဉ်တွေရေးဆွဲပြီး မိသားစုတစ်ခုတည်ထောင်တော့မှာ ဖြစ်ပါတယ်။ ကောလသလတွေကိုလည်း အမြန်ဆုံးအဆုံးသတ်သွားဖို့ မျှော်လင့်နေကြပါတယ်။ မင်္ဂလာပွဲ ကျင်းပမယ့်ရက်ကိုတော့ ဆုံးဖြတ်နေကြဆဲဖြစ်ပြီး ခန်းကျန့် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်မယ့် ဒါရိုက်တာကော်ရှန်၏ နောက်ဆုံးအထူးလက်ရာ ဖြစ်တဲ့ 'တောင်တန်းတွေပေါ်မှာရွာတဲ့မိုး' ရုပ်ရှင်အပြီးမှ စီစဉ်မယ်လို့ ကြားသိရပါတယ်။ မိသားစုတွေ သူငယ်ချင်းတွေဆီမှ ဆုမွန်ကောင်းတွေကိုလည်း ရရှိစေချင်ကြောင်း အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း..............."

ထုတ်လွှင့်နေတဲ့အသံက ပြတ်သားရှင်းလင်းနေပြီး စကားလုံးတစ်လုံးချင်းစီက ပိုင်လန်ရဲ့ နှလုံးသားကို ဓားနဲ့မွှန်းနေသလိုပဲ။

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now