^Second Face^ Part-26

Start from the beginning
                                        

Sulli စကားတွေ အပြင်ထွက်မလာပါ စိတ်ထဲမှာသာ နာကျင်ခံစားရင်း မျက်ရည်တစ်စက် ပါးပြင်ပေါ်ဖြတ်ဆင်း သွားတော့
Luhan ငါ နားချင်ပြီ
aww အင်းး နားလိုက် အိပ်ပျော်အောင် အိပ်နော် ငါသွားပြီ

တစ်ကယ်တော့ မွန်းကြပ်လာလို့ အားရပါးရ ငိုချချင်တာ Luhan မြင်ရင်စိတ်မကောင်းမှာစိုးလို့ နားချင်ပြီလို့ပြောလိုက်ခြင်းသာ

Luhan နင်က Luhan အစစ်ပဲ နင့်မျက်နှာမဟုတ်လို့ မြင်ရတာ ကသိကအောက် ဖြစ်ပေမယ့် နင့်ရဲ့သမင်မျက်လုံးတွေ အသံတွေ နူးညံ့တဲ့ပုံစံ ရိုးသားတဲ့ပုံစံတွေ အားလုံးတွေ့နေရတယ့် 

ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းပါးကို လျှာဖျားနဲ့ ခဏခဏသပ်တာက နင့်ရဲ့ပုံစံမဟုတ်ပေမယ့် Sehun ဆိုတဲ့ နင့်အယောင်ဆောင်ပြီး ငါ့အချစ်ကို ရယူခဲ့တဲ့ သူရဲ့အမူအကျင့်တစ်ခု နင်နဲ့အမူအရာ အပြောအဆိုတွေ အားလုံးကွာခြားနေပေမယ့် ပြောင်းလဲကြည့်မလို့ဆိုတဲ့ သူ့ရဲ့စကားကို ယုံခဲ့မိတယ်

အသံချင်းမတူတာတောင် အအေးမိတဲ့ဆိုတဲ့ အကြောင်းပြချက်နဲ့ လှည့်စားခဲ့တာ သူငါ့ဆီစလာ ကတည်းက သံသယဝင်ခဲ့မိတာ အဲ့ဒါကိုမေ့ပြီး အချစ်မှာမြောခဲ့တဲ့ ငါ့လောက်ရူးတဲ့သူရှိပါ့ဦးမလား

Sulli ကတော့ မရပ်မနားငိုကြွေးဆဲ ပြီးတော့ ငါ့ကိုရင်ခုန်အောင် စွဲလန်းအောင် သူအမျိုးမျိုးလုပ်ခဲ့တယ် ငါမနစ်မြောခဲ့သင့်ဘူး အခုတော့ ဘာမှမတတ်နိုင်တော့ဘူးလေ

Kris ပြောတဲ့စကားတွေကြောင့် Hun ရပ်နိုင်စွမ်းတောင်မရှိတော့ သွားပြီ ထပ်မှားပြန်ပြီ Luhan နဲ့ Sulli မောင်နှမလို သူငယ်ချင်းလို နေခဲ့ကြတာ သူတို့ဆက်ဆံရေးက အဖြူဖြူသပ်သပ်ပဲ ပြီးတော့ သူတို့တစ်ခါမှအတူတောင် မအိပ်ဖူးဘူး

Kris ရဲ့ ရှင်းပြချက်တွေ Hun ကြားပြီးပြီလေ သူ သူ အရောင်ဆိုးခဲ့မိ တာပေါ့ အထင်တွေလွဲခဲ့မိတာပေါ့ Sulli ကိုလည်း မျက်နှာမပြရဲလောက်အောင် အားနာမိတယ် အခုအချိန်မှာ သူဟာ လူဆိုးတစ်ယောက်ပဲ လုပ်ချင်တာကို ဇွတ်လုပ်ခဲ့တဲ့ မရင့်ကျက်တဲ့ လူတစ်ယောက်

Kris နောက်ထပ်ပြောလိုက်တဲ့စကား ကို ကြားပြီးတော့ Hun ဆောက်တည်ရာမဲ့သွားတယ်
Luhan က ဖွင့်မပြောပေမယ့် ကောင်လေးဆိုတဲ့ မင်းကိုပဲချစ်ခဲ့တာပါတဲ့ ငါလည်းအသိစောရင် ဒီလောက်ထိ မရှုပ်ထွေးအောင် တားခဲ့ပါတယ် ဆိုတာပဲ

သူကငါ့ကိုချစ်ခဲ့တာ ဟုတ်လို့လား အဲ့ဒါသာအမှန်ဆိုရင် ငါ့ကိုသူချစ်နေတယ်လို့ ခံစားမိတာတွေ ကမှန်နေသလို ငါသူ့ကိုချစ်နေတာ လည်း တစ်ဖက်သတ်မဟုတ်တော့ ဘူးပေါ့

ကောင်လေးးး
Luhan ရဲ့အသံကြောင့် Hun လှည့်ကြည့်လိုက်တယ် Kris ကတော့ ရှောင်ထွက်သွားပြီ

သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ် မလဲ? Sulli ကရော ??

Waiting for vitamin votes and feedbacks... saranghae.. gamsamitha.. 90° bow..

^Second Face^ ( Completed ) Where stories live. Discover now