^Second Face^ Part-26

Start from the beginning
                                        

Hotel ရောက်တော့ Luhan နဲ့ Kris တို့ အပြင်မှာထွက်စောင့်နေတယ် သူတို့လည်း စိတ်ပူပြီး ထွက်စောင့်နေတဲ့ပုံ Sulli ကတော့ Hotel ထဲကိုသာ ပြေးဝင်သွားတော့တယ်

Hun က ခေါင်းခါပြလိုက်တော့ Luhan Sulli နောက်ကိုပြေးလိုက် သွားတယ် Sulli အခန်းရှေ့ရောက်တော့ တံခါးခေါက်ကြည့်ပေမယ့် Sulli မဖွင့်ပေး

Sulli Sulli Luhan ပါ တံခါးဖွင့်ဦး
Sulli Luhan အသံကို သိပ်မှတ်မိတာပေါ့ ဒါပေမယ့် ရင်မဆိုင်ချင်ဘူး ကိုယ်လက်ထပ်ထား တဲ့ ယောကျာ်းမဟုတ်ဘဲ တစ်ခြားယောကျာ်းနဲ့ အတူနေခဲ့မိလို့ သူ့ကိုယ်သူမုန်းတယ်

ဒါဟာ သူ့အမှားမဟုတ်ဘူး အားလုံးကို အယုံသွင်းပြီး အကွက်ကျကျ စီစဉ်ခဲ့တဲ့ Hun ကြောင့်ဆိုပေမယ့် Hun ကို အပြစ်လည်းမတင် မုန်းလည်းမမုန်းဘဲ Hun ကိုချစ်မိသွားတဲ့ သူ့ကိုယ်သူ မုန်းမိပြန်ရော

Luhan သူနဲ့စကားပြောရမယ် ဟုတ်တယ် ပြောရမယ် သူ့ကိုတောင်းပန်ရမယ်
Sulli တံခါးဖွင့်ပေးလိုက်တော့ Luhan ဝင်လာပြီး
Sulli ဘာလို့အဲ့လောက်ငိုထားတာလဲ

Sulli Luhan ကိုဖက်ထားမိပြီ
miyanae Luhan jinja miyanae...
ငါ ငါ ဘာမှမသိခဲ့လို့ ငါအသုံးမကျတာ နင် နင် တစ်ယောက်တည်း ဘယ်လိုနေခဲ့ရမလဲ
ဘာကိုလဲ ဘာတွေတောင်းပန် နေတာလဲ ငါကသာ ယောကျာ်းတစ်ယောက်ဖြစ်ပြီး မပြတ်သားခဲ့ သတ္တိမရှိခဲ့တာ

မဟုတ်ဘူး အားလုံးက နင်မတတ်နိုင်လို့ လုပ်ခဲ့ရတာချည်းပဲ
Luhan Sulli နဲ့ဖက်ထားတာကို ခွာလိုက်ပြီး မျက်နှာချင်းဆိုင်လိုက်တယ်
ငါလည်းတောင်းပန်ပါတယ် နင့်ကို ငါ့အကြောင်းတွေမပြောပြနိုင်ခဲ့လို့

ဘာကိုလဲ Luhan Sehun နဲ့ နင်နဲ့ အကြောင်းလား
အင်းးးးး
နင် Sehun ကို ချစ်တယ်လား
ဒီမေးခွန်းကိုမေးတိုင်း Luhan မှာ အဖြေမရှိခဲ့

နင်မဖြေနိုင်ဘူးလား နင်ဒီအချိန်မှာတော့ ပြတ်သားသင့်ပြီ
Sulli မျက်ရည်များကိုသိမ်းကာ အားတင်းပြီးပြောနေရတယ်
Sulli ငါ
ငါနားလည်တယ် Luhan ဖြစ်ပြီးခဲ့တာ တွေကို ပြန်ပြင်လို့မှမရဘဲ အားလုံးမှားခဲ့တာ ငါလည်းမှားခဲ့တာပဲ

နင်ကဘာမှားလို့လဲ
နင်မဟုတ်မှန်းသိပေမယ့် အဲ့ဒီနင်မဟုတ်တဲ့သူကို ချစ်မိသွားလို့ ပြောရရင် Sehun ကို ချစ်မိသွားလို့ Sehun က Luhan မဟုတ်ဘူး ဆိုတာသိပေမယ့် ငါ ငါ့ကိုယ်ငါ ညာခဲ့ပြီး သူလိမ်ခဲ့တာတွေကို အယုံမှတ်ခဲ့တာ
အဲ့ဒါငါမှားတာပေါ့ Luhan ရယ်

^Second Face^ ( Completed ) Where stories live. Discover now