Sulli နဲ့ Hun ရောက်နေတာက လူသူတိတ်ဆိတ်တဲ့ ပန်းခြံလေးတစ်ခု ချောင်ကျတဲ့ခုံတန်းလေး တမင်ရွေးထိုင်လိုက်တယ် လူဖြတ်သွားဖြတ်လာ နည်းတယ်လေ
Sulli...
ပြောလေ Luhan
Sulli မျက်လုံးလေးတွေ တောက်ပဆဲ နှုတ်ခမ်းလေးတွေက ကွေးညွတ်ကာ လှပစွာ ပြုံးနေဆဲ အဖြစ်မှန်ကို သိသွားရင်ရော ဘယ်လိုပုံစံဖြစ်သွား မလဲ???
Hun ရှင်းပြဖို့မရဲ တွေဝေနေတယ်
Luhan Luhan
ဟင် အင်းးး
လူကိုခေါ်ပြီး ဘာမှလည်းမပြောဘူး ပြောလေ ဘာလဲလို့
ကိုယ် Luhan မဟုတ်ဘူး
အားတင်းကာပြောချလိုက်တော့
ဟင် ခ်ခ် နောက်စရာရှားလို့ ဘာကြီးလဲ သိပ်မရယ်ရဘူး ဒီ့ထက်ရယ်ရတာပြော
နောက်နေတာမဟုတ်ဘူး ကိုယ်ကမင်းနဲ့လက်ထပ်ထားတဲ့ Luhan မဟုတ်ဘူး
Sulli ဘာမှပြန်မပြောခင် Hun စကားတွေဆက်ပြောလိုက်တယ် ဒီလိုဖြစ်လာရတဲ့ အကြောင်းတွေပေါ့
Hun အနေနဲ့ အတိတ်ကိုပြန်မဖော်ချင်ပေမယ့် နာကျင်ခဲ့တဲ့ arnyi နာကျင်နေဆဲ နှလုံးသားနဲ့ ဝဲတက်လာတဲ့ မျက်ရည်တို့ကို အံတုကာ Sulli နားလည်အောင် ရှင်းပြလိုက်ရတယ်
ထပ်ပြီးရှင်းပြစရာမရှိတော့ အားလုံးပြောပြပြီးပြီ Sulli က ကြောင်အမ်းနေဆဲ သူအနေနဲ့ လက်ခံဖို့ခက်မှာပဲလေ
noona..
Hun တိုးညင်းစွာခေါ်ရင်း ပခုံးနှစ်ဖက်ကို ကိုင်လှုပ်လိုက်တယ်
Sulli မျက်ရည်တွေ ကျဆင်းလာတယ် ဘာမှမပြော ဘာမှမလုပ်ဘဲ Hun ကို ကြည့်ရင်းငိုနေတယ် Hun့  ထင်တာက Sulli သူ့ကို အော်ဟစ်ပြီး ထုရိုက်လောက်တယ်ပေါ့
Sulli ဘာပဲလုပ်လုပ် ခံယူဖို့ ပြင်ဆင်လာပေမယ့် အခုပုံစံက အနေရခက်စေတယ်
noona wojima miyanae jinja miyanae ... ကျွန်တော်ကို ထုရိုက်ပြီး တော့ဖြစ်ဖြစ် စိတ်ဖြေလိုက်ပါ မငိုပါနဲ့တော့
Noona??? noona ဟုတ်လား wae? wae? ဘာလို့ငါ့ကိုမှ အရူးလုပ်ရတာလဲ ငါဘယ်လိုခံစားရမလဲဆိုတာ မသိဘူးလား ငါ korea ထိ ရောက်လာခဲ့ရတာ အဖြစ်မှန်ကိုသိပြီး ဒီလိုငိုကြွေးနေဖို့လား
Sulli ပြေးထွက်သွားတော့ Hun အနောက်ကနေ လိုက်ဆွဲပြီး
ဘယ်သွားမှာလဲ noona Hotel ပြန်လိုက်ပို့ပေးမယ်
ကားပေါ်မှာ Sulli ကတော့ ပြတင်းပေါက်ကို အဓိပ္ပါယ်မရှိ ငေးကြည့်နေပြီး Hun ကတော့ တစ်ချက်တစ်ချက် Sulli ကို လှမ်းကြည့်မိတယ်
YOU ARE READING
^Second Face^ ( Completed )
Fanfiction*Hunhan *Yaoi *အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမုန်း *အမုန်းကြောင့် မှားမိပြီးမှ *နောက်ဆုံး အချစ်တွေ ပြန်လည်ရှင်သန်မှာလား ဆိုတာတော့
^Second Face^ Part-26
Start from the beginning
