Extra - ( Part - 1 )

1.3K 83 1
                                    

Unicode

" ကြာလိုက်တာလို့ ..!!! "

ထမင်းစားခန်းထဲက Yiboရဲ့ ကျယ်လောင်လှတဲ့
အော်သံကြောင့် Xiaozhanလည်း လုပ်လက်စအသားဟင်းပန်းကန်ကို နံနံပင် မြန်မြန်ဖြူးလိုက်သည် ။

Yiboဆီ အမြန်ယူသွားကာ

" ဟီးဟီး ပြီးပြီ .... "

" ဦးဦး သမီးရော စားချင်ထယ် "

" ဒီ ... မင်းအမေ လာပို့မှစား မင်းကြောင့် ငါပိုက်ဆံကုန်တာ များနေပြီနော် "

" ကိုကိုကလည်း ကလေးကို ... "

" တကယ်ပြောတာလေ .... "

" ကိုကိုနဲ့အမျိုးတော်တာပဲကို .... "

ကလေးမကလည်း ထောက်ခံသည် ။

" ဟုတ်ထယ် "

" ဘာဟုတ်ထယ်လဲ ဖြတ်ရိုက်လိုက်ရ "

" တော်တော့ "

တကယ်တော့ ဒီကလေးမလေးက အဓိကဇာတ်လိုက်တို့ရဲ့ ကလေးမလေးဖြစ်သည် ။ ကလေးကတော့ ချစ်စရာလေးပါ ။ အခုလည်း ကလေးက သူတို့ဆီကို နေ့တစ်ဝက်လောက်ရောက်နေတာဖြစ်သည် ။‌ ရောက်လာကတည်းက ဟိုဟာပူဆာ ဒီဟာပူဆာဆိုတော့
ရှောင်းကျန့် ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေလည်း တာ့တာပြနေပြီဖြစ်သည် ။

" ခနနေ မင်းပါးကို လာခေါ်ခိုင်းမယ် ပြန်လိုက်သွား "

" ဟွန်း ဦးလေးက လူဆိုး ကိုကြီးကမှ ကောင်းသေး "

" ဘာဦးလေးလဲ ငါလည်း ငယ်သေးတယ် ... "

" ငယ်ပဲနဲ့ ... ကြီးနေပြီးတဲ့ လူအိုကြီး ... "

" ဒီ ..... "

ခြံရှေ့က ကားဟွန်းသံကြားလိုက်ရသည်မို့ Xiaozhanမျက်လုံးများက လင်းလက်သွားသည် ။

" ‌ကလေးစုတ် မင်းအဖေ လာခေါ်နေပြီ မြန်မြန်လိုက်သွားတော့ "

" ဟွန့် နောက်ခါ လာလည်မယ်နော် ကိုကြီး ... "

Yiboကို ကလေးစုတ်က မျက်လုံးတစ်ဖက်မှိတ်ပြကာ
ထွက်သွားသည် ။

" ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ရမယ့်ဟာလေး .. "

" ဘယ်လိုတွေပြောနေတာလဲ စကားကို ... "

" ကိုယ်အမှန်အတိုင်းပြောတာလေ "

" တော်ပြီ တော်ပြီ ... ခင်ဗျားနဲ့မပြောတော့ဘူး "

ဒုတိယဇာတ်လိုက်က ငါကို သဘောကျနေတယ် ! [ ZhanYi ]( Compete )Where stories live. Discover now