Ep - 4

1.9K 144 2
                                    

Unicode

Yibo လည်း ‌နေ့လည်ရောက်လို့ နိုးလာတော့
သူကို တစ်ယောက်ယောက်က စိုက်ကြည့်နေသလို
ခံစားရတာကြောင့် နိုးလာသည် ။

" လခွမ်း Xiaozhan ..! "

" အာ မင်းနေ့လည်စာစားဖို့ ..! ထမင်းဘူးလာပို့တာ "

" ဟမ် ...... ကျေးဇူး "

Yiboရဲ့မျက်လုံးထဲမှာ သူကို အလိုမရှိပုံရတာကြောင့်
Xiaozhanလည်း ထွက်သွားရန် ဆုံးဖြတ်လိုက်သည် ။
ဒါပေမယ့် သူခြေထောက်တွေက မရွေ့ချင်သေး ။

" နှုတ်ခမ်းက ပေါက်နေသလိုပဲနော် "

" အရင်ကတည်းက ရှိနေတာ ဂရုစိုက္မနေနဲ့ "

" အော် ဟုတ်လား "

" အင်း သွားဝောာ့လေ .... "

" ဟင် သွားရတော့မှာလား "

" ဟ! ခင်ဗျားမသွားလို့ ဘာလုပ်မှာလဲ ဘာလဲ စာသင်ချင်လို့လား "

" အဟမ်းး သွားမှာပါ "

နားထင်ကို လက်ညိုးနဲ့တစ်ချက်ကုတ်လိုက်ကာ
ထွက်သွားရန်ပြင်လိုက်ပေမယ့် Xiaozhan ပြန်ထိုင်လိုက်သည် ။ Yiboက စားနေရင် သူကို နားမလည်သလို့ ကြည့်လာသည် ။

" အဟမ်း ဒီနေ့ ငါတစ်ယောက်တည်းဆိုတော့ အရမ်းပျင်းတယ်လေ "

" အဲ့တော့ ....? "

" . . . . . . "

YIboက သူအစားပဲ ပြန်ဆက်စားနေ‌လေသည်။ Xiaozhanလည်း သက်ပျင်းချကာ ဒီအတိုင်းပဲ ထထွက်သွားလိုက်သည် ။ Yiboက သူကို ဒီလို‌ေအးတိ‌ေအးစက်ဆက်ဆံနေတာကို Xiaozhan သဘောမကျပါ ။

ကျောင်းသွားလမ်းကျ Ziyangနဲ့တွေ့သည် ။

" အယ့် ရှောင်း ရှင်ကဘယ်လိုဒီရောက်နေတာလဲ "

" Yiboက ထမင်းဘူးမေ့နေလို့လေ အဲ့ဒါ လာပို့ပေးတာ "

" Yiboဆိုမှလေ သူရန်ဖြစ်ထားသေးတယ်သိလား Yiboဘက်က ရန်စတယ်ဆိုလားပဲ "

အဲ့ဒါကြောင့် ခုနက နှုတ်ခမ်းပေါက်ပြဲတာကိုးး ။ Yiboက သူကို ဘာလိုမပြောပြရတာလဲ ။ ခါတိုင်းဆိုရင်
Yiboက သူလုပ်ခံရတာတွေကို Xiaozhanကို ထုတ်‌ေပြာပြနေကြလေ ။

" အခုနေ့လည်ချိန်ဆိုတော့ ကျောင်းအုပ်ကြီးက သူကို ခေါ်ခိုင်းလိုက်လို့ "

ဒုတိယဇာတ်လိုက်က ငါကို သဘောကျနေတယ် ! [ ZhanYi ]( Compete )Where stories live. Discover now