EP - 3

2K 144 4
                                    

Unicode

နှစ်ရက်သုံး‌ရက်လောက်နေတော့ Yiboလည်း ဆေးရုံက ဆင်းရလေသည် ။ ဇာတ်လမ်းအကြောင်းတွေလည်း နားလည်သွားပြီဖြစ်သည် ။ ကျောင်းပြန်တက်ရမယ်ဆိုတဲ့အချက်ကြီးကိုတော့ Yibo သဘောမကျ ။
ဒီလောက်ပျင်းဖို့ကောင်းတဲ့ဟာကို ။ ‌

ဇာတ်လမ်းက skipသွားတာရယ် ဇာတ်ကွက် အနည်းငယ်ပြောင်းသွားတာရယ်ပဲရှိသည် ။
သူနဲ့ Xiaozhanက ယူလိုက်ရတယ်ဆိုတာကြီးကတော့
အဓိပ္ပာယ်မရှိဘူးလေ ။ အခုလည်း ပြန်ဖို့ရာကို
Xiaozhanကို ကားထဲက စောင့်နေရသည် ။

" မလာသေးတာလား ကြာလှပြီ စိတ်ကမရှည်ပါဘူးဆို "

" ဆောရီး ငါနည်းနည်းနောက်ကျသွားတယ်
အိမ်ပဲပြန်မှာမလား ဝင်ဝယ်စရာမရှိ‌ေတာ့ဘူးလား "

Yibo သုန်မှုန်စွာ ကြည့်လိုက်ပြီး အရေးမလုပ်ပဲနေလိုက်သည် ။ အင်းလေ Xiaozhanနဲ့သူက သူစိမ်းတွေပဲဟာကို ။ ဝန်ခံရရင် Xiaozhanကို မုန်းပါသည် ။ သူကို
သတ်တဲ့ဟာကြီးကို ဘယ်သူက ချစ်မှာလဲ ။ Xiaozhanကို စိမ်းစိမ်းကားကား ဆက်ဆံဖို့လည်း
သူစဉ်စားပြီးသား ဖြစ်သည် ။

" ပြန်ဖြေလေ .... "

" ကျစ် နားငြီးတယ်ဗျာ "

" ဟ! "

Yiboက ကားပြတင်းပေါက်ဘက်ကို ခေါင်းမှီသွားတာ‌ကြောင့် ‌Xiaozhan စိတ်အလိုမကျဖြစ်သွားရသည် ။ အိမ်ပဲ တန်းပြန်ရန် တွေးလိုက်သည် ။
အိမ်ပြန်လမ်းတစ်လျှောက်လုံးလည်း တိတ်ဆိတ်နေကြသည် ။ အရင်က Yiboရဲ့ ပလီပလာစကားသံတွေ Xiaozhan အမြဲကြားရပေမယ့် ဒီတစ်ခါတော့ Yiboက အိပ်နေလေသည် ။

" Yibo အိမ်ရောက်ပြီ "

" ဟမ် အင်း ..... "

Yiboက သန်းကာ ကားပေါ်ကဆင်းပြီး အိမ်ထဲဝင်သွားသည် ။ ရှောင်းကျန့်လည်း ဂိုဒေါင်ထဲ ကားသွင်းကာ အထဲဝင်လိုက်သည် ။ Xiaozhan မီးဖိုချောင်ထဲ ဝင်ပြီး Yibo စားရန် ဆန်ပြုတ် ပြင်ဆင်ပေး‌ေနလိုက်သည် ။

Yibo ပါးတစ်ဖက်က ယောင်နေတုန်းမို့ ရေခဲပါကပ်ပေးရန် ယူလာလိုက်သည် ။ ဧည့်ခန်းထဲသွားတော့လည်း Yiboက ရှိမနေပေ ။ Xiaozhan မျက်မှောင်ကျုတ်လိုက်ကာ အိပ်ခန်းထဲ သွားကြည့်လိုက်သည် ။

ဒုတိယဇာတ်လိုက်က ငါကို သဘောကျနေတယ် ! [ ZhanYi ]( Compete )Donde viven las historias. Descúbrelo ahora