EP - 7

1.9K 126 1
                                    

Unicode

Yiboလည်း ကြောင်သွား‌ေ‌ပမယ့် မျက်နှာက နီရဲလာကာ

" ဘာစကားပြောတာလဲ ခင်ဗျားကို ဆွဲထိုးလိုက်လို့ "

" ဘာနဲ့ထိုးမှာလဲ နှုတ်ခမ်းနဲ့လား အဲ့ဒါဆို ရတယ် "

နှုတ်ခမ်းကြီးပါ ဆူပြလာသည်မို့ Yibo မျက်မှောင်ကုတ်လိုက်သည် ။ ဒုတိယဇာတ်လိုက်က သူကို ဘာတွေပြောနေတာလဲ ။ အိစိကလီလာလုပ်နေတာလား ။ ဒီပုံစံကြီးကို တွေ့ဖူးသလို့ခံစားနေရတာကြောင့် ရင်ဘတ်က တစ်နေရာက ခပ်လှုပ်လှုပ်ပင် ။

"  ခင်ဗျားနော် ဘယ်လိုတွေလုပ်နေတာလဲ သိက္ခာမရှိဘူးလား "

" မင်းကျတော့ရော ဘာလို့စားပွဲထိုးလုပ်နေတာလဲ သိက္ခာမရှိဘူးလား "

" ဟ! "

Xiaozhanက သူလက်ကို ကိုင်ကာ

" ငါတို့ အဆင်ပြေပြေနေရအောင် Yibo "

" ဘာလဲ အဆင်ပြေနေတာပဲကို "

" မဟုတ်ဘူးလေကွာ ငါမင်းကို ..... "

" ဘာလဲ ဆက်ပြော "

" မင်းကို ....... "

Xiaozhan မျက်လုံး‌တွေက ဂနာမငြိမ်ပဲ ဟိုရောက် ဒီရောက်ဖြစ်နေသည် ။ သူဖွင့်ပြောရမှာ ရှက်သည် ။

" မပြောရင် သွားတော့မယ် "

" ဟာ မဟုတ်ဘူးလေ ...... "

Yibo က ဆောင့်အောင့်ကာ အခန်းထဲပြေးဝင်သွားသည် ။ Xiaozhanလည်း သူကိုယ်သူ ကျွတ် သပ်လိုက်သည် ။ ဘာလို့ဖွင့်ပြောရမှာ ဒီလောက်ရှက်နေလဲမသိဘူး ။

___________

ဒေါက် ဒေါက် !

Yibo အခန်းတံခါးကို ညသန်းခေါင်ကြီးတစ်ယောက်ယောက်က တံခါးလာခေါက်နေတာကြောင့် Yibo သူမျက်နှာကို ခေါင်းအုံးနဲ့ဖိကာ မကြားချင်ယောင်ဆောင်ပြီး အိပ်နေလိုက်သည် ။ အသံတိုးတိုးလေးက ထွက်လာသည် ။

" Yibo အိပ်သွားပြီလား "

" ဟေ့ Yibo "

Xiaozhanလည်း ခေါင်းကုတ်လိုက်သည် ။ တံခါးဖွင့်ချင်ပေမယ့် အထဲက လော့ချထားသည် ။ မတတ်နိုင်တဲ့အဆံုး ဆောင်ထားတဲ့ သော့အပိုနဲ့သာ ဖွင့်လိုက်သည် ။

ဒုတိယဇာတ်လိုက်က ငါကို သဘောကျနေတယ် ! [ ZhanYi ]( Compete )Where stories live. Discover now