EP - 8 Final

2.3K 117 3
                                    

Unicode

တစ်ပတ်အကြာကျ Yiboလည်း ဆေးရုံက ဆင်းရန် ပြင်ရသည် ။ အတွင်းရေးမှူးလေးကလည်း အကုန်လာလုပ်ပေးသွားပါတယ် ။ Yibo မျက်နှာကတော့ မှိုင်နေသည် ။ xiaozhan ကို တွေ့ချင်သည် ။ သူစိတ်တွေက xiaozhanကိုပဲ တမ်းတမိနေတာ ။ xiaozhan ကို ချစ်ပေမယ့် အချိန်မပေးနိုင်တာတွေရော ချစ်သူရည်းစားအတွဲလို့ မဒိတ်ပေးနိုင်တာတွေရော ပေါင်းပြီး အားနာကာ သူနားမှာ တွယ်ကပ်နေတဲ့ xiaozhanကို သူကိုယ်တိုင် နှင်ထုတ်ခဲ့သည် ။

Xiaozhan ကို မယုံတာမဟုတ်ပေမယ့် အနေဝေးလာလေလေ သူနဲ့က ပိုစိမ်းလာသည် ။ တစ်နေ့ကျ သူတို့လမ်းခွဲပြတ်ဆဲခဲ့သည် ။ အစက သူဘက်က ပြန်ချော့မယ်စိတ်ကူးခဲ့ပေမယ့် Leo ဆိုတဲ့ကောင်လေးနဲ့ သတင်းတွေ ထွက်လာတော့ Yiboဘက် ဒေါသလည်းထွက်သလို့ ဝမ်းနည်းမိသည် ။ Yiboကလည်း မာနနဲ့မို့ xiaozhanနဲ့ ပြန်အဆင်ပြေအောင် မကြိုးစားချင်တော့ပေ ။ သူကတော့ xiaozhanနဲ့နှစ်ယောက်တည်းအတူနေနိုင်အောင် အလုပ်တွေ နေ့နဲ့ညမနားပဲ လုပ်လိုက်ရတာ ။ နောက်ဆုံးကျ ချစ်ရသူဆီက cheating out လုပ်ခံလိုက်ရတာပဲလေ ။

ပိုဆိုးတာက xiaozhanက Leoနဲ့လက်ထပ်တော့မယ်ဆိုတာပဲ ။ Xiaozhanဆီက ဖြေရှင်းချက်ရမယ်အထင်နဲ့ သူပါတီပွဲကို ဖိတ်ခဲ့ပေမယ့် xiaozhanက မငြင်းတဲ့အပြင် သူဂုဏ်ပြုပေးတာကိုတောင် ပြန်လက်ခံလိုက်သေး ။ သူမှာ တိုက်ခိုက်ချင်တဲ့ရန်ဖက်တွေ များတာကြောင့် ပင်ပန်းလာရင် စိတ်ဓာတ်ကျလာရင် xiaozhanဆီ ပြေးသွားပြီး သူဘယ်လောက်ပင်ပန်းနေကြောင်းတွေ စာစီပြီးတောင် ပြောပြချင်သည် ။
သူဦးလေးဆုံးလို့ သူတစ်ယောက်တည်းဖြစ်နေတာတောင် xiaozhanက သူဆီကို အားပေးဖော်‌လေးတောင် လာမလုပ်ပေးခဲ့ ။ သူအလုပ်တွေအကုန်လုံးကို အတွင်းရေးမှူးကို ခနတာပေးအပ်ခဲ့ပြီး တစ်ခြားနိုင်ငံမှာ ရှောင်းကျန့်ကို‌ မေ့‌ဖျောက်ပြီး လဝက်လောက်အနားယူရန် ဆုံးဖြတ်ခဲ့သည် ။ တိုက်တိုက်ဆိုင်ဆိုင် အဲ့နေ့က‌ xiaozhanရဲ့လက်ထပ်ပွဲဖြစ်သည်။

သူကားကို ဘယ်ခွေးက ဘရိတ်ကြိုးဖြတ်သွားလဲမသိ ။
Yiboလည်း ပင်ပန်းလွန်းတာကြောင့် သူကားကို မစစ်ဆေးမိ ။ တကယ်ဆို သူသေပြီထင်တာ ။ xiaozhan‌ေကာင်းမှု‌ေကြာင့် သူမသေဘူးလို့ပြောရမယ် ။ ဒါပေမယ့် xiaozhanက အဲ့ဒီကို ဘယ်လိုရောက်လာတာလဲ ။

ဒုတိယဇာတ်လိုက်က ငါကို သဘောကျနေတယ် ! [ ZhanYi ]( Compete )Where stories live. Discover now