" ကိုကိုကroundလှည့်စရာရှိသေးတယ်မဟုတ်ဘူးလား......"


" မရှိဘူး......"


ပထမဆုံးအကြိမ်အဖြစ်ချာတိတ်အပေါ်ကျွန်တော်အသုံးပြုမိတဲ့အချိုမြိန်ဆုံးမုသာဝါဒ။ တကယ်လည်းချာတိတ်ပြောသလိုလူနာကြည့်ရမယ့်အချိန်ဆိုပေမယ့်လို့ လူကဒီ‌ကလေးအနားက‌နေမခွာချင်မိသေး။ လူနာတွေနှင့်ယှဉ်လာတိုင်းအမြဲပစ်ပယ်ခဲ့မိတဲ့ဒီကလေးကိုအခုမှတစ်ဖက်စောင်းနင်းအလေးပေးနေမိလာတာလည်းကျွန်တော်ကိုယ်တိုင်ပါပဲ။


" ဒါဆိုရင်လေ ကျွန်တော်တို့ခဏလောက်ပြန်ထိုင်လို့ရသေးလား......"


ဒီလောက်အထိအကြာကြီးထိုင်ပြီးတာတောင်ထပ်နေချင်နေသေးတဲ့အရူးလေးကြောင့်မကျေနပ်နိုင်စွာလက်မောင်းကိုခပ်ဆတ်ဆတ်ရိုက်ချလိုက်တော့မျက်နှာလေးရှုံ့မဲ့သွားတာများကလေးလေးတစ်ယောက်လို။ ပြီးတော့ပြောပါသေးတယ် ၊ ' ကိုကိုကလည်း......' တဲ့။
ဘာကြောင့်မှန်းမသိဒီအမူအရာလေးကိုကြည့်ရင်းသဘောတကျပြုံးမိတဲ့ကျွန်တော်ကထူးဆန်းလွန်းလာတယ်မဟုတ်လား။


" လက်ဖျားတွေတောင်အေးနေပြီကိုထပ်နေချင်သေးတာလား...ကြာရင်လူကဖျားတော့မယ် အဲ့ဒါကိုစကားလည်းနားမထောင်ချင်သေးဘူး......"


ဗျစ်တောက်ဗျစ်တောက်ပြောဆိုနေမိပေမယ့်ထူးထက်စေကိုဖြေးဖြေးချင်းတွဲကာထိုင်ခုံတွင်ပြန်ထိုင်စေလိုက်သည်။ သဘောတကျပြုံးနေပြန်တဲ့အပြုံးလေးတွေမြင်ရတဲ့ကိုယ်ပါရင်ထဲအေးချမ်းသွားသလိုလို။


" ကိုကို ကျွန်တော်ကိုကိုနဲ့ပုဂံသွားချင်လိုက်တာ......"


အဆက်အစပ်မရှိပြောလာတာကြောင့်ကြောင်အနေမိစဉ်ခေါင်းတခါခါဖြင့်အပြုံးတွေကိုပြန်ရုတ်သိမ်းသွားပြန်တဲ့ထူးထက်စေ။


" ဒါဆိုမင်းနေကောင်းသွားရင်တစ်ခါလောက်သွားကြမလား......"


" ကျွန်တော်နေကောင်းသွားရင် ကိုကိုကလက်ထပ်ပြီးသွားလောက်ပြီမဟုတ်လား...ကိုကို့ဇနီးကဘယ်ကြည်ဖြူပါ့မလဲဗျာ......"


လှုပ်ရှားမှုမရှိတဲ့မျက်ဝန်းတွေထံမှအားငယ်မှုနဲ့ဝမ်းနည်းခြင်းတစ်ချို့ပိုပုံရိပ်ထင်လာတော့စိတ်မကောင်းဖြစ်ရပြန်သည်။ တကယ်ပဲ ကျွန်တော်အဲ့ဒီ့လက်ထပ်ပွဲကိုမေ့ထားခဲ့မိတာ။
ဒီကောင်လေးဒါကြောင့်တစ်ချက်တစ်ချက်မျက်နှာပြန်ပြန်ညှိုးသွားတာလား......။


Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now