EP - 37

1.4K 164 51
                                    

Unicode


သဝဏ်အိမ်ပြန်ရောက်သည်နှင့်ကားကိုပင်ဖြစ်သလိုရပ်ပြီးဒေါက်တာ့ဆီအရင်ဆုံးဦးတည်ခဲ့လိုက်သည်။ ဒီနေ့ဘယ်လောက်တောင်စိတ်ပင်ပန်းခဲ့လိုက်သလဲ ၊ ဒဏ်ရာအဟောင်းတွေကအသစ်ပြန်ဖြစ်ပြီးဘယ်လောက်အထိနာကျင်ခဲ့ရသလဲသူသာအသိဆုံးပဲလေ။
ဒီအတွက်ကျွန်တော့်ဒေါက်တာလေးကုသပေးမှဖြစ်တော့မှာ......။

ကိုသော့်ကိုဒေါက်တာရှိတဲ့နေရာမေးလိုက်တော့ကျွန်တော့်ဆေးလေးကဧည့်ခန်းထဲမှာရှိနေပါသတဲ့။ ခြေလှမ်းကျဲဖြင့်လှမ်းကာခပ်သွက်သွက်လျှောက်လှမ်းလာလိုက်ရင်း ဦးတည်ရာကိုရောက်လာခဲ့လိုက်တော့မြင်လိုက်ရတာကဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်ရင်းစာအုပ်တစ်အုပ်နှင့်အေးအေးလူလူဖြစ်နေတဲ့ဒေါက်တာ။ အကြည့်လေးတစ်ချက်တောင်ရောက်မလာဘဲဂရုမစိုက်သလိုနေနေတဲ့ပုံစံကြောင့်နည်းနည်းတော့ထူးဆန်းမိတာအမှန်။ ပုံမှန်ဆိုဒေါက်တာကသူ့ကားသံကြားတာနဲ့လာကြိုနေကျပါ......။

မျက်နှာပေါ်မှာအပြုံးတစ်ပွင့်ဖန်ဆင်းရင်းဒေါက်တာ့အနားမှာဝင်ထိုင်လိုက်ပြီး

"ဒေါက်တာ...ကျွန်တော်ပြန်ရောက်ပြီ......"

"အာ...အင်း ဒါဆိုခဏနေပြီးရေချိုးတော့နော်......"

စာအုပ်ဆီကနေအကြည့်မလွှဲဘဲပေါ့ပေါ့တန်တန်ပဲပြန်ဖြေလာတဲ့ဒေါက်တာကြောင့်မျက်နှာပေါ်ကအပြုံးကတဖြည်းဖြည်းပျောက်ကွယ်သွားရသလိုဒေါက်တာ့ကိုသာခပ်ငေးငေးလေးကြည့်နေမိသည်။ ပြန်လာကတည်းကတစ်ချက်မှကြည့်မလာဘဲဂရုမစိုက်သလိုနေနေတဲ့ဒေါက်တာကစိတ်ဆိုးနေတာလားဘာလဲတော့သေချာမသိပေမယ့် ၊ဒေါက်တာ့ရဲ့စိတ်ကကျွန်တော့်ဆီမှာရှိမနေတာတော့ကျိန်းသေသည်။
မဟုတ်ရင်ဒီလိုအေးစိမ့်စိမ့်ရာသီဥတုမှာအအေးဒဏ်မခံနိုင်တဲ့ကျွန်တော့်ကိုရေချိုးဖို့ပြောလာမှာမှမဟုတ်ဘဲ။

"တကယ်လားဒေါက်တာ......"

မေ့နေသည်ထင်လို့တမင်သတိပေးသလိုမေးလိုက်ပေမယ့်အတော်ကြာသည်အထိအဖြေပြန်ရမလာတာကြောင့်သဝဏ့်စိတ်ထဲဝမ်းနည်းမိသလိုလိုပင်။
ကျွန်တော်ဘေးမှာရှိနေတယ်ဆိုတာတောင်သတိထားမိရဲ့လားဗျာ......။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now