EP - 14

2.4K 206 23
                                    

Unicode


ကောင်လေးထွက်သွားသည်နှင့်ထည်ဝါလည်းကောင်လေးနောက်ကနေလိုက်လာခဲ့လိုက်သည်။ ဒီကလေး သူလုပ်ချင်တာလုပ်လိုက်ရတော့မျက်နှာကိုကပြုံးလို့ရွှင်လို့။ ဒါပေမယ့်ဤသည်ကိုသတိထားမိတာကအနှစ်နှစ်အလလကောင်လေးဘေးမှာအမြဲရှိနေခဲ့တဲ့ထည်ဝါတစ်ယောက်တည်းသာ။
ပြောင်းလဲသွားတဲ့ကောင်လေးက…သူ့ကိုယ်သူအပြုံးတွေရောစိတ်ခံစားချက်တွေပါမရှိသလိုနေထိုင်သည်။
သူဘာဖြစ်နေသလဲဆိုတာလူမသိရအောင်အမြဲလျှို့ဝှက်မျက်နှာဖုံးတစ်ခုတပ်ဆင်ထားတာကြောင့် တော်ရုံလူဆိုဒီကလေးဘာဖြစ်နေလဲဆိုတာသိမှာမဟုတ်တာအသေအချာပင်။

companyအဝင်ဝရောက်တော့ကောင်လေးရဲ့ခြေလှမ်းတွေကတုန့်ခနဲရပ်သွားတာကြောင့် ထည်ဝါလည်းကောင်လေးနဲ့အတူလိုက်ရပ်မိသည်။
' ဘာများဖြစ်လို့လဲ '  ဆိုတဲ့စိတ်နဲ့ကောင်လေးမျက်နှာကိုကြည့်မိတော့ တစ်နေရာရာကိုခပ်ငေးငေးလေးကြည့်နေလေသည့်ကောင်လေး။

"ဘာဖြစ်လို့လဲ ကောင်လေး……"

"သား……"

သဝဏ်အစည်းအဝေးခန်းထဲကအကြောင်းကိုတွေးရင်းကျေနပ်ပြီးလျှောက်လာခဲ့မိတာ။ ပြောရရင်ကျွန်တော့်ကြောင့်ဖြစ်သွားကြတဲ့ဦးမှိုင်းညှို့ရွှေဘုံနဲ့ဦးခက်ထန်ယစ်တို့ရဲ့မျက်နှာတွေကြောင့်လူကနေရတာနည်းနည်းတောင်လန်းဆန်းနေသလိုပဲ။ companyအဝင်ဝရောက်တော့မှကားပါကင်ဘက်ခြေဦးလှည့်လိုက်တော့ တွေ့လိုက်ရတာကသား။

အတိအကျပြောရရင်လမ်းဘေးလေးမှာကျုံ့ကျုံ့လေးထိုင်ပြီးငိုမဲ့မဲ့လေးဖြစ်နေတဲ့သား။ ကျောပိုးအိတ်လေးနဲ့ဘေးကဆွဲခြင်းလေးပါ ပါနေတော့သားကျောင်းကပြန်လာတာထင်သည်။
ဟိုကြည့်ဒီကြည့်လေးလုပ်နေရင်းသားကမတ်တပ်ထရပ်လိုက်တော့ အရင်ထက်ပိုထွားလာတဲ့သားကိုမြင်လိုက်ရတယ်။ အရပ်လေးနည်းနည်းပိုရှည်လာပြီး သားကနည်းနည်းလေးပိုပိန်သွားရုံကလွဲလို့အရင်လိုပေါင်းဖောင်းဖောင်လေးနဲ့ချစ်စရာကလေးလေးပါပဲ။

"သား!……"

ရုတ်တရက်ချော်လဲသွားတဲ့သားကြောင့်လူကအလိုလိုအနားရောက်သွားမိသည်။ ချော်လဲသွားတဲ့သားကိုထူပေးရင်းမျက်နှာချင်းဆိုင်ဖြစ်အောင်ဆောင့်ကြောက့်ထိုင်ချကာဘာများဖြစ်သွားသေးလဲအသည်းအသန်လိုက်ကြည့်မိတော့ တံတောင်ဆစ်လေးနည်းနည်းပွန်းသွားရုံသာမို့တော်သေးတာပေါ့။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now