EP - 24

2K 222 23
                                    

Unicode

ထမင်းသေချာမစားဘဲပန်းကန်ကိုဟိုမွှေဒီမွှေသာလုပ်နေတဲ့ကောင်လေးကတစ်ခုခုကိုအတွေးများနေပုံပေါ်သည်။ ဒီအတောအတွင်းလည်းအလုပ်ကိစ္စတွေနဲ့မို့အအိပ်အစားမမှန်တဲ့ကောင်လေးကထည်ဝါ့ကိုစိုးရိမ်တတ်မှန်းသိလို့ပဲတမင်စိုးရိမ်ရအောင်များလုပ်နေလေသလားတော့မပြောတတ်။
ဟူး……ဒီကလေးနဲ့တော့ခက်ပါတယ်လေ……။

ကိုယ့်ရဲ့သက်ပြင်းသဲ့သဲ့ချသံကြားတော့မှအတွေးထဲနစ်မျောနေခဲ့တဲ့ကောင်လေးကသတိပြန်ဝင်လာဟန်နှင့်လူကြီးလေးသယောင်ဆုံးမစကားဆိုပါတော့တယ်။

" ထမင်းစားနေရင်းသက်ပြင်းမချကောင်းဘူးလေ ဒေါက်တာ……"  တဲ့။

အမယ်…ပြီးတော့ပြောပါသေးတယ်။
' သက်ပြင်းချရင်အသက်တိုတယ်……'  ဆိုပဲ။
ကိုယ့်ကိုအသက်မတိုစေချင်ရင်မင်းသာကောင်းကောင်းနေပါလားကောင်လေးရယ်။ ကိုယ့်နှလုံးသားလေးကသီချင်းထဲကလို ' မင်းမှမင်းပဲ ' ဖြစ်နေတာမို့ မင်းအဆင်ပြေရင်ကိုယ်လည်းအဆင်ပြေပါတယ်ကလေးရာ။

"ကျွန်တော်အပြင်သွားလိုက်အုံးမယ်……ဒေါက်တာကတော့ဒီမှာပဲနေခဲ့……"

ကားသော့ကိုကောက်ယူကာအပြင်ထွက်ဖို့ပြင်နေတဲ့ကောင်လေးရဲ့ထမင်းပန်းကန်ကအခုထိအရာမယွင်းသေး။

"မရဘူး ကိုယ်လည်းလိုက်မယ်……"

လူကြီးလူကောင်းဆန်တဲ့မျက်နှာကချက်ချင်းဆိုသလိုစူပုတ်ပုတ်ဖြစ်သွားတာကြောင့်သဝဏ်နည်းနည်းတော့ပြုံးမိသွားသည်။
ဒါလားအင်္ဂလန်ရဲ့အတော်ဆုံးစာရင်းဝင်ဒေါက်တာစဝ်ထည်ဝါဆိုတာ……။

"မဖြစ်ဘူးလေဒေါက်တာရယ်……ဒီမှာတစ်ယောက်ယောက်တော့ရှိမှဖြစ်မှာပေါ့…ဟိုကောင်ထူးထက်စေကလည်းဆေးရုံလိုက်ပို့ရင်းသူပါလူနာဖြစ်နေပြီလားမသိဘူး……"

"ကိုယ်လည်းလိုက်ချင်တယ်……"

"မဖြစ်ဘူးလေဒေါက်တာရယ်……"

တကယ်တော့သဝဏ်ဒေါက်တာ့ကိုမခေါ်သွားချင်မိတာအမှန်ပါ။ အစ်ကိုနဲ့ဒေါက်တာ့ကိုမတွေ့စေချင်ဘူး။ ပြီးတော့အခုသွားမယ့်နေရာကိုလူ့အသက်ကိုကယ်တဲ့ဒေါက်တာ့ကိုခေါ်မသွားချင်ဘူး။  အတိအကျပြောရရင်အန္တရာယ်များတဲ့အခြေအနေထဲဒေါက်တာ့ကိုဆွဲမသွင်းချင်တော့ဘူး။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now