နှစ်ကိုယ်ကြားရုံအသံဖြင့်သာတိုးဖွဖွပြောဆိုမိတော့ခါးကိုပိုဖက်တွယ်လာတဲ့လက်တစ်စုံ။ နီရဲရဲသွေးစတွေကြောင့်စွန်းပေနေတဲ့ဝတ်စုံနဲ့ကောင်လေးကအတွင်းစိတ်မှာဘယ်လောက်အထိနူးညံ့ပျော့ပျောင်းတယ်ဆိုတာကျွန်တော်ကလွဲဘယ်သူကများနားလည်နိုင်မှာတဲ့လဲ။

"လွှတ်ချလိုက်တော့ကလေးလေး...အမုန်းတွေရော ရန်ငြှိုးတွေရောအားလုံးကိုမေ့ပြီးတစ်ချိန်ကမင်းလေးရှင်သန်ချင်ခဲ့တဲ့ပုံစံအတိုင်းသာရှင်သန်ပါတော့......"

ပခုံးပေါ်မျက်နှာအပ်လာပြီးငိုရှိုက်လာပြန်တာမို့ထည်ဝါ့ပခုံးတစ်ဖက်လုံးစိုရွှဲနေပေမယ့်လို့ခေါင်းအသာညိတ်ပြလိုက်တဲ့အထိအတွေ့ကိုတော့ကောင်းကောင်းခံစားမိလိုက်ပါသည်။
ဘာပဲဖြစ်ဖြစ်ပါလေ...မှိုင်းညှို့ရွှေဘုံဆိုတဲ့သူရဲ့ကွန်ယက်ထဲကနေကျွန်တော့်ကလေးလေးခြေတစ်လှမ်းတော့ရုန်းထွက်လာနိုင်ခဲ့ပြီပဲမဟုတ်လား။


_____________________________________________


ဆေးရုံအနီးအနားကဆိုင်တစ်ခုကနေအဆင်ပြေသလိုဆန်ပြုတ်တစ်ပွဲသာဝယ်ဖို့တွေးမိလိုက်ပေမယ့်ဘာကြောင့်မှန်းမသိ စိတ်ကဆန်ပြုတ်ဝယ်ချင်စိတ်မရှိ။ ထိုအစားစိတ်ထဲသတိရမိသည်က ' ‌ချာတိတ်ခေါက်ဆွဲပြုတ်စားချင်နေလောက်မလား ' ဆိုတဲ့အတွေးပင်။ ကိုယ့်ကိုကိုယ်တောင်မသိလိုက်ခင်မှာပင်ခြေလှမ်းတွေကအနီးအနားရှိ g & g shopလေးဆီဦးတည်မိလျက်သား။ ခေါက်ဆွဲဗူးတစ်ဗူးဝယ်ပြီးရေနွေးပါအဆင်သင့်ထည့်ကာဆေးရုံအခန်းဆီပြန်လာဖို့ပြင်လိုက်တော့ဘာရယ်မဟုတ်အကြည့်ရောက်မိသည်ကသကြားလုံးထုပ်တွေဆီကိုပင်။ အခါးကြောက်သည့်ထူးထက်စေကဆေးဆိုပိုတောင်လွယ်လွယ်နဲ့ဝင်မှာမဟုတ်။ သကြားလုံးတစ်ထုပ်နှင့်ကော်ဖီနှစ်ဗူးပါထပ်ဝယ်ကာcounterမှာပိုက်ဆံရှင်းခဲ့လိုက်ပြီးမှဆေးရုံဆီပြန်ထွက်လာခဲ့လိုက်တော့အချိန်နည်းနည်းတော့ကြာသွားပြီပဲ။

"ထူးထက်စေ......"

အခန်းတံခါးမခေါက်ဘဲဖွင့်ဝင်လိုက်တော့ကုတင်ပေါ်မှာခပ်လျှောလျှောထိုင်နေတဲ့သူကကျွန်တော်ထွက်သွားတုန်းကပုံစံအတိုင်းရှိနေဆဲ။

Second life ( အချို့သောချစ်ခြင်းတို့သည် )حيث تعيش القصص. اكتشف الآن