သူက ပန်းတွေ၊ သီချင်းတွေ၊ မီးရှူးမီးပန်းတွေဖြင့် သူမကို ချစ်ကြောင်း အမျိုးမျိုး ထုတ်ဖော်ပြသခဲ့သည်။ ထို့အပြင် သူ့မိသားစုက နောက်ခံကောင်းရှိတယ်လို့ ဆိုကြသည်။ သူက တစ်နှစ်ပတ်လုံး အလှ အားကစားကားများ ထည်လဲမောင်းပြီး မိန်းကလေး‌ တော်တော်များများရဲ့ နှလုံးသားထဲက ချစ်စရာကောင်းသော အိမ်မက်မင်းသားလေး ဖြစ်သည်။

သူမရဲ့ အခန်း‌ဖော်တွေက အပျော်သဘောကြည့်ဖို့ အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ သူမ ပြန်ရောက်လာပြီး လီရှင်းယွင်ကို အမှာစကား လာပါးသည်။ "ကုန်းယိလင်းက သူ နင့်ကို အိမ်ပြန်လိုက်ပို့ပေးချင်တယ်၊ နင့် ခရီးဆောင်သေတ္တာဆွဲပြီး ဆင်းလာခဲ့လို့ ပြောတယ်။ သူက တော်တော်လေး စဥ်းစားပေးတတ်တဲ့သူပဲ။"

လီရှင်းယွင်က သူမနှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ "ဒါက ငါ့ကိစ္စမဟုတ်ဘူး။ ငါ သူ့ကို စိတ်မဝင်စားဘူး။"

"ဒါ့အပြင် ငါ ပြန်ဖို့ စီစဥ်ပြီးသား၊ ငါ သူ့ကို မလိုအပ်ဘူး။"

လီရှင်းယွင်ရဲ့ အခန်းဖော်က အလွန်သိချင်သွားသည်။ "နင် နည်းနည်းလေးတောင် စိတ်မဝင်စားဘူးလား။ သူက မိသားစု နောက်ခံကောင်းပြီး ရုပ်ချောတယ်လေ။ အနုပညာကောလိပ်က မိန်းကလေး တော်တော်များများကတောင် သူ့ကို ကြွေနေကြတယ်။"

ဒီအကြောင်းအရာကို ဆက်မပြောချင်တော့သဖြင့် လီရှင်းယွင်က သူမခေါင်းကိုငုံ့ကာ ကျုံးရီထံ စာပို့လိုက်သည်။ သူမ အသံက အေးစက်နေပြီး "သူ့ကို ထွက်သွားခိုင်းလိုက်။ သူ့အချိန်တွေကို လာမဖြုန်းနဲ့လို့။" ဟု ပြောလိုက်သည်။

"ငါ့အစ်မလည်း သိပ်မကြာခင် ရောက်လာတော့မယ်။"

ရှစ်လုလုသည် ခေါင်းညိမ့်ပြီး အောက်ထပ်သို့ ပြန်ဆင်းသွားသည်။ လီရှင်းယွင်သည် ချမ်းသာသော မိသားစုမှ ဖြစ်သော်လည်း တစ်ခါတစ်ရံ အနည်းငယ် နူးညံ့သိမ်မွေ့သည့်အပြင် အများနှင့် ပေါင်းသင်းရ လွယ်ကူသည်။ သူမသည် သူမ၏ အခန်းဖော်များကို အလွန်ရက်‌ရောပြီး အွန်လိုင်းပေါ်တွင် ရရန် ခက်ခဲသော အလှအပဆေးလုံးများကိုပင် ပေးခဲ့သေးသည်။ ထို့ကြောင့် ရှစ်လုလုသည် သူမအစား သတင်းစကားကို လက်ဆင့်ကမ်းပေးရန် စိတ်မရှိပေ။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Où les histoires vivent. Découvrez maintenant