" Sorry...ငါလည်း သားကိုစိတ်ပူပြီး မင်းကိုမမြင်
  မိဘူးကွာ "

" ရပါတယ်...ကိုဦးရာ "

ကိုဦးကသာ မမြင်မိတာကို အားနာဟန်ဖြစ်နေပေ
မယ့် ကလေးကတော့ ဖအေကို တွယ်ကပ်နေလိုက်
တာ ပျောက်သွားမှာ စိုးသည့်အလား

" ကိုဦးလည်းရောက်လာပြီဆိုတော့ ... ကျွန်တော်
  ပြန်လိုက်တော့မယ်လေ "

" အာ...အေး ! ကျေးဇူးပါ ဂုဏ် "

" ရပါတယ်...ကိုဦးရာ ! ကလေး ကိုယ် ပြန်ပြီနော်"

" အင်းး "

ဖအေလက်မောင်းဆီ မျက်နှာအပ်ရင်း ခေါင်းငြိမ့်လို့ အင်း လုပ်ပုံက မကောင်းတတ်လို့ ဆိုတာ အသိသာကြီးပင်

မင်းက ငဆိုးလေးပဲ ကွ

" လာ...သားလေး ! ဒက်ဒီ ရေချိုးမယ် ခဏစောင့်
  ပြီးရင် ထမင်းစားကြမယ်နော် "

" သားလည်း ချိုးမယ် "

" ဟမ်...သားကချိုးပြီးပြီ မချိုးရတော့ဘူးလေ !
  လိမ္မာသားနဲ့ ! ဒက်ဒီ မြန်မြန်ချိုးလိုက်မယ် "

" ပြီးရော...မြန်မြန်ချိုး "

" ဟုတ်ပါပြီဗျာ "

ရေချိုးခန်းတံခါးကို လော့ခ်ချပစ်ပြီး ဖြည်းဖြည်းချင်း မှီထိုင်ချလိုက်သည့် ကမ္ဘာ

သားရှေ့ မာန်တင်းထားရပေမယ့် ရှပ်အင်္ကျီကိုချွတ်လိုက်သည်နှင့် ဖြစ်သလို စည်းထားသည့် ပတ်တီးဖြူဖြူက ဘယ်ဘက်လက်မောင်းမှာ သွေးစွန်းနေလျက်

ကမ္ဘာ့ ပြိုင်ဘက်ကုမ္ပဏီမှ လူလွှတ်ပြီး အပြတ်ရှင်းခိုင်းသော်လည်း ကမ္ဘာ့လူတွေလက်ဦးသွားလို့သာ
အသက်မသေခဲ့တာဖြစ်သည်။

ဓါးပြယောင်ဆောင်ပြီး ကမ္ဘာ့ကို ဦးတည်နေတာကို
မိမိလူတွေ အသိသာမမြန်ခဲ့ပါက ခုနေ သေမင်းလက်ထဲ ကမ္ဘာရောက်နေမှာ အသေအချာ

အမြဲတမ်း body guard တွေက ကမ္ဘာ့မလှမ်းမကမ်းမှ လိုက်နေတာကို တစ်ဖက်လူတွေက သတိမမူမိတာ ကမ္ဘာကံကောင်းသွားသည့် အချက်ဖြစ်ပြီး

Body guard တတန်းတန်းနှင့် မလုပ်ပြခဲ့တာကလည်း တစ်ဖက်လူကိုလှည့်စားချင်ယုံ

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now