🌺ဦး မချစ်ခဲ့သော်🌺/Part- 40/
***********💔*********
''ဟင်~~ကျူး"
"ယံ~~"
မီးရောင်ထင်းထင်းအောက်မှာ အရောင်တလက်လက်နဲ့
ကြည်ပြာရောင်မျက်လုံးတွေက နူးညံ့သိမ်မွေ့နေပြီး
အံ့သြမှုအပေါင်းဆင်မြန်းထားသည့် နှုတ်ခမ်းပါးက
ပွင့်အာလျက်ဖြစ်နေကာခြား_ကိုစူးစိုက်၍
ကြည့်နေတဲ့ပုံစံက တစ်ချိန်တုန်းကအတိုင်း
မပြောင်းလဲရှိနေစဲမို့~~တစ်ချိန်တုန်းက
အချစ်တွေလည်း မပြောင်းလဲရင်
အရမ်းဝမ်းသာမိလိမ့်မယ်။
မထင်မှတ်ပဲဆုံတွေ့လိုက်ရသည့် ချစ်ရသူကြောင့်
နှလုံးသားအိမ် ထောင့်တစ်နေရာရှိအချစ်တွေက
ပြန်လည်ပေါက်ဖွားလာသလို ခံစားရသည်။
ဝမ်းသာကြည်နူးလွန်းလို့ ခြား_မျက်နှာဝယ်
အပြုံးပန်းတွေအဆက်မပြတ် ပွင့်လန်းလာခဲ့၏။
ပြောမပြတတ်အောင် ကိုယ် ဝမ်းသာနေမိတယ်
အခုလိုပြန်လည်ဆုံတွေ့မယ်လို့ လုံးဝကို
ထင်မထားမိခဲ့တာ ဝန်ခံပါတယ်။ကံကြမ္မာက
သူ့အပေါ် မျက်နှာသာပေးလာပြီလား??
အနှစ်အလလ မြတ်နိုးတွယ်တာစွာချစ်ရသူကို
မမျှော်လင့်ပဲပြန်တွေ့ရသည်မို့ ကျူး_တစ်ယောက်
အံ့သြဆွံ့အမိသလို စိတ်ထဲမှာကြည်နူးမှုက
အတိုင်းမသိပါ။လေးထောင့်ကျကျ မျက်နှာရှည်နဲ့
ဆံပင်တွေကိုအပေါ်ကို လှန်တင်ထားသဖြင့်
ခန့်ငြားချောမောသော မျက်နှာကပိုပြီး
ရှင်းရှင်းလင်းလင်း မြင်နေရသည်။အမြဲတမ်း
တည်ငြိမ်မှုအပြည့်ရှိနေတတ်တဲ့ မျက်နှာက
ပြုံးနေသည်မို့ ကျူး_လည်းပြုံးမိပြန်တယ်။
ယံ_က တကယ်မပြောင်းလဲသေးဘူးပဲ
"ကျူး_ဘယ်တုန်းကမြန်မာပြည်ပြန်လာတာလဲ
ကိုယ့်ကိုဘာလို့ အကြောင်းမကြားပဲ
နေတာလဲကွာ။စောင့်နေသူကို အားမနာဘူး"
"ပြန်လာတာ မကြာသေးပါဘူး အရင်အပတ်ကပဲ
အလုပ်တွေများလို့ မလာဖြစ်တာပါ"
အပြုံးလေးခပ်ပါးပါးနဲ့ဆိုလာပါသော ယံကြောင့်
ဖြူဖွေးနေတဲ့သွားသေးလေးတွေ ပေါ်အောင်
မချိပြုံးလေး ပြုံးမိသည်။
အကြောင်းကြားချင်တာပေါ့ ယံ_ရယ်။
ဒါမယ့် ကျူးတို့ကမသက်ဆိုင်တော့တဲ့
သူတွေလေ ပြန်ပတ်သက်ချင်ပေမယ့်
အဆုံးသတ်မလှမှာ ကြိုသိနေလို့ အဝေးဆုံးကို
ကျူး_တမင်ပြေးထွက်ခဲ့တာပါ။
YOU ARE READING
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romance"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...
