🌺 ဦး မချစ်ခဲ့သော် 🌺/ Part - 5/
***********💔**********
''ခင်ဗျား!!_''
ဆိုပြီးမျက်လွှာပိတ်ချထားသည့်သူမကြောင့်
ခြား_ဘယ်လိုပြန်ပြောရမလဲ....မသိတော့။
တံခါးကိုညင်သာစွာပြန်ပိတ်လိုက်ပြီးပန်းစည်းအား
စားပွဲခုံပေါ်တင်လိုက်ကာ အနွံတာကူးဘေးနားတွင်
ဝင်ထိုင်လိုက်သည်။
''သက်သာရဲ့လား...ဘယ်လိုနေသေးလဲ''
''ဟုတ်...သက်သာပါတယ်''
''ကိုယ့်ကြောင့်.....''
''ဖြစ်ပြီးသားကိစ္စတွေကိုထားလိုက်ပါ အနွံ_ထပ်ပြီး
မကြားချင်တော့ဘူး...အဲ့ကိစ္စတွေကိုမဖြစ်ခဲ့သလိုမျိုး
သဘောထားလိုက်ပြီမို့ ဦးခြား_စိတ်မကောင်း
မဖြစ်ပါနဲ့...''
သူမစကားကြောင့် ပြောဖို့စကားတွေက
လည်ချောင်းဝမှာတင်ရပ်တန့်သွားရပြီး
သူမကိုလည်းအားနာစွာကြည့်နေမိသည်။
ငိုထားလို့ဖောင်းကားနေသောမျက်ခွံတွေနှင့်
လက်နှင့်ပွတ်ဆွဲခံရလို့နီရဲနေသည့်မျက်ခမ်းတွေကို
ကြည့်ရုံဖြင့်အချိန်ကြာအောင်ငိုထားမှန်း
သိသာနေ၏။သူ့ကြောင့် ဒီလိုတွေဖြစ်ရတာမို့
တောင်းပန်ချင်သည်။
ဒါမယ့် သူ အဲ့ကိစ္စကို ထပ်ပြောရင်အနွံတာကူးက
ပိုပြီးစိတ်ဆင်းရဲမှာလည်းကြိုသိနေတယ်လေ။
''ကိုယ် မင်းကိုတောင်းပန်တဲ့အနေနဲ့မင်း ရဲ့
ဆန္ဒတစ်ခုကိုဖြည့်ဆည်းပေးမယ်...ဘာလိုချင်လဲ
အကုန်ဝယ်ပေးမယ်''
တည်တံ့မျက်နှာထားဖြင့်အနွံ_ကိုသေချာကြည့်၍
ပြောလာသည့်ဦးခြား_ကြောင့် သူမမျက်နှာလေး
တင်းလာကာနှုတ်ခမ်းပါးလေးအားတစ်ချက်
ဖိကိုက်ရင်း လက်ညှိုးလေးနားထင်ထောက်၍
စဥ်းစားလိုက်သည်။
သူမ အချိန်တော်ကြာစဥ်းစားပေမယ့်
စဥ်းစားမရတာကြောင့်
''အနွံ_သေချာစဥ်းစားပြီးရင်ပြောပါ့မယ်
ခင်ဗျားသာ ကတိမပျက်ပါနဲ့...''
''ဟေ့...မင်းကကိုယ့်ကိုခင်ဗျားခေါ်လိုက်...
ဦးခြား_ခေါ်လိုက်နဲ့...အတည်တကျခေါ်စမ်းပါကွာ
တော်ကြာဒယ်ဒီက မင်းကိုထပ်ဆူနေမယ်''
YOU ARE READING
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romance"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...
