🌺ဦး မချစ်ခဲ့သော်🌺/Part- 26/
***********💔**********
''အဲ့ဒါဆိုလည်း သားနဲ့သမီးရဲ့မဂ်လာပွဲကို
အမြန်ဆုံးစီစဥ်ပြီးမြို့ရဲ့တောင်ဘက်က
အိမ်တော်မှာပြောင်းရွှေ့နေကြ
ဟုတ်ပြီလား။"
''ဗျာ''
''ဗျာ''
ရယ်ကျဲကျဲဖြင့်ပြောလာပါသောဒယ်ဒီ၏
စကားကြောင့်^ဗျာ"ချင်း ထွေးသွားရသည့်
ခြားနဲ့အနွံတို့နှစ်ယောက်။တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ရင်းအံ့သြမှင်သက်မှုက
ထောင်ပေါင်းမကပေါ့။
မျက်လုံးတွေပြူးနေကြလိုက်တာများ
ဖိုးလမင်းထက်တောင်ဝိုင်းနေအုံးမည်။
သူတို့နှစ်ယောက်ကအံ့သြနေကြသလို
ဒေါ်စိန်စီခြယ်ဟာလည်းဒေါသအိုးကို
မီးထပ်ထိုးလိုက်သလိုဖြစ်သွားတာမို့
နီရဲတောက်နေတဲ့မျက်နှာနဲ့ဒေါသကို
မနည်းထိန်း၍ခင်ပွန်းအားစေ့စေ့ကြည့်ရင်း
''ကျွန်မ သဘောမတူဘူးနော် ဦးစည်းယံ။
ကျွန်မသားရဲ့ဇနီးက ကျွန်မသဘောကျ
နှစ်ခြိုက်မယ့်သူပဲဖြစ်ရမယ် သားရဲ့ဇနီးကို
ကျွန်မကိုယ်တိုင်ပဲရွေးချယ်ဆုံးဖြတ်မယ်
သားဘဝကိုကျွန်မပဲစီမံမယ် ရှင် ဘာတစ်ခုမှ
ဝင်စွက်ဖက်စရာမလိုဘူး!!!"
ခက်ထန်မာကျောစွာထွက်လာသော
ဒေါ်စိန်စီခြယ်အသံဟာအိမ်တော်ကြီးထဲ
ပဲ့တင်ရိုက်ခတ်သွားပြီးဦးစည်းယံအား
မျက်ထောင့်နီနီကြီးဖြင့်စိုက်ကြည့်နေ၏။
သူမ ဘယ်လိုမှသဘောမတူနိုင်ပါ။
အနွံတာကူးကို ချွေးမအဖြစ်မပြောနဲ့
သူငယ်ချင်းရဲ့သမီးလေးမျိုးကိုချစ်မရတာ
ချွေးမအဖြစ်သာတော်ရရင်သူမဟာ
နှလုံးဖောက်ပြီးပင်သေသွားနိုင်သည်။
''မင်းကိုသဘောတူလားလို့ ငါမေးနေလို့လား
စိန်စီခြယ်!!!ဟမ်!!!''
''ဘာ!!!ရှင် လွန်မလာနဲ့နော် ဦးစည်းယံ။
ကျန်တဲ့အရာတွေမှာကျွန်မ သည်းခံ
ခွင့်လွှတ်ပေးနိုင်ပေမယ့်သားဘဝနဲ့
ပတ်သက်ဆက်နွှယ်လာရင်ဘယ်အရာကိုမှ
သည်းမခံနိုင်ဘူး!!ကျွန်မသားကိုအနွံတာကူးနဲ့
လက်ထပ်ဖို့လုံးဝသဘောမတူနိုင်ဘူး!!
ကျွန်မအသက်ရှင်နေ့သရွေ့ဘယ်တော့မှ
မဖြစ်စေရဘူး~~ကျွန်မသေမှပဲရမယ်
ဦးစည်းယံ။!!!"
YOU ARE READING
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romance"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...
