Part - 6

4.5K 94 2
                                        

🌺 ဦး မချစ်ခဲ့သော် 🌺/ Part - 6/
***********💔**********

''လမ်းလျှောက်ရင်ဒဏ်ရာပိုဆိုးလာနိုင်တာကို....
မင်း မသိဘူးလား.....ဟမ်!!!အနွံတာကူး!!"

''ဟင်_ခင်ဗျား!!ကဒီကိုဘာလာလုပ်တာလဲ''

ကျောဖက်ဆီမှ တည်ရှခက်ထန်နေသည့်အသံကြောင့်
အနွံ_ကောင်းကင်ကြီးကိုငေးကြည့်နေရင်းမှ
လှည့်ကြည့်မိတော့ ၅ပေလောက်အကွာတွင်
သူမအားစိမ်းညှို့ညှို့မျက်ခုံးတွေအားတွန့်ချိုး၍
ကြည့်နေသော ဦးစည်းတိမ်ယံခြားကိုတွေ့ရသဖြင့်
မျက်လုံးလေးတွေဝိုင်းကာအံ့သြမှုတို့ကြောင့်
နှုတ်ခမ်းပါးလေးပွင့်ဟလျက်။

''မင်းကိုဆေးရုံတက်ခိုင်းတာဒီလိုနေခိုင်းတာ
မဟုတ်ဘူး!!!!ဒဏ်ရာပျောက်အောင်လို့ဆေးကုသ
ခိုင်းတာ....မင်းကိုစိုးရိမ်နေတဲ့လူတွေအတွက်
နည်းနည်းလောက်ဖြစ်ဖြစ်တွေးပေးသင့်တယ်
အနွံတာကူး!!!!!"

အနွံ_ကိုသပ်သပ်လွတ်ကြီးလာပြောနေသည့်
ထိုလူကြီးကြောင့်သူမနှုတ်ခမ်းလေးထော်လာသည်။
ဆရာကြီးလုပ်တဲ့သူတွေကိုအမြင်ကတ်တဲ့သူမနှင့်
ဘာမဆိုလာအမိန့်ပေးသည့်အဲ့လူကြီး…
တွေ့ဆုံရတာတကယ်စိတ်ရှုပ်တယ်…
ခင်ဗျားကြီးက အနွံကိုအကြောင်းမရှိအကြောင်းရှာ
လာဆူငေါက်နေတာ…အနွံ ငြိမ်ခံမယ်ထင်လား
ဆုတောင်းနေလိုက်!!!ဟွန့်!!!

''ခင်ဗျား!!!!,တခြားသူတွေကိုပဲအမိန့်ပေးလို့ရမယ်
အနွံတာကူးကိုတော့မရဘူး…အနွံကရှင့်လက်အောက်
ငယ်သားမဟုတ်ဘူး…လာအမိန့်မပေးပါနဲ့''

''မင်းကိုပြောချင်လွန်းလို့ပြောနေတာမဟုတ်ဘူးကွ
မင်းကိုဒယ်ဒီကအမြဲစိတ်ပူနေတာကို့မကြည့်ရက်လို့
ငါကပြောနေရတာ…မင်းကိုဒယ်ဒီကချစ်ပေး၊
အလိုလိုက်ပေးတာကိုထောက်ထားပြီးပြသနာတွေ
မရှာပဲနေရင်ကောင်းမယ်!!!အနွံတာကူး!!!''

ခြား_သူမဆီလာချင်လွန်းလို့မဟုတ်ပါ။
သူငယ်ချင်းတွေကိုတစ်ဝိုင်းတိုက်ပြီးအိမ်ကို
ပြန်လာနေတုန်းမှာ ဒယ်ဒီကသူ့ဆီဖုန်းခေါ်ပြီး
အနွံတာကူးကိုသွားကြည့်ပေးပါဆိုလို့
သူ လာခဲ့တာပင်။မသွားချင်ဘူးလို့ပြောချင်ပေမယ့်
ဒယ်ဒီအသံကအနွံတာကူးကိုစိုးရိမ်နေမှန်း
အရမ်းသိသာနေသည်။အဲ့တာကြောင့်ပဲ
ပင်ပန်းနေသည့်ကြားကသူလာကြည့်တာ....

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Where stories live. Discover now