part - 10

2.7K 66 12
                                    

( unicode)

.
.
.

# ဒုန်း....ဒုန်း...

" ရောင်စဉ်ငယ်..."

# ဒုန်း...ဒုန်း...

" ရောင်စဉ်ငယ်..."

အခန်းတံခါး အားတဒုန်းဒုန်းထုကာ အော်ခေါ်သံကြောင့်
ငယ် တစ်ယောက်အိပ်နေရာမှလန့်ကာနိုးလာခဲ့
တော့သည်..
ဘေးကြည့်တော့ ဟိုကောင်လေးကမရှိ...
သူလဲအျမန္ထကာ တံခါးသွားဖွင့်လိုက်တော့ အပြင်မှာ
ငယ်နဲ့ အတန်းတူကောင်လေးက ရပ်စောင့်နေသည်...

" ဒီအချိန်ကြီး ဘာလို့အော်ခေါ်နေရတာလဲ.."

" မင်းနဲ့အတူနေတဲ့ ဒုတိယနှစ်ကအခန်းဖော်ကောင်လေး
ရန်ဖြစ်လို့ အခု ကမ်းခြေစောင့်စခန်းမှာ အဖမ်းခံထား
ရတယ်..."

" အဲ့တာ ငါနဲ့ဘာဆိုင်လို့လဲ..."

" အာ...မနက်ကြမှဆရာမသိသွားရင်မကောင်းဘူးလေ
ပြီးတော့ သူကမင်းနဲ့ပဲသိတာ အာမခံနဲ့သွားထုတ်ပေး
လိုက်ပါကွာ..."

" အဲ့ကောင်လေးက တော်တော်ဇယားရှပ်တဲ့ကောင်လေး
ပဲတတိယနှစ်ခရီးစဉ်ကို ဒုတိယနှစ်ကလိုက်လာရ
တယ်လို့.."

" ဒေါသအရမ်းမထွက်ပါနဲ့ လင်းရောင်စဉ်ငယ် ခုမနက်၄နာရီကျော်ပြီဆိုတော့ သွားလို့တော့အဆင်ပြေမှာ
ပါ.."

" မင်းကဘယ်လိုသိတာလဲ..."

" ကမ်းခြေစောင့် အဖွဲ့ကတစ်ယောက်နဲ့ကအသိလေ
ကောင်လေးက လင်းရောင်စဉ်ငယ်ကို ခေါ်ပေးပါလို့
ခဏခဏပြောနေလို့တဲ့..."

" အင်းပါ..ငါသွားလိုက်ပါ့မယ်..."

ငယ် လဲ အနွေးအကျႌလေးထပ်ဝတ်ကာ စခန်းရှိရာသို့
ထွက်လာခဲ့လိုက်တော့သည်...
မနက်အစောကြီးဖြစ်နေသော် လမ်းတစ်လျှောက် ဟိုတယ်တွေရှိနေတာကြောင့် လင်းထင်းနေသည်...
လင်းရောင်စဉ်ငယ် စခန်းလေးထဲဝင်သွားတော့ ခုံပေါ်တွင်
ထိုင်ကာငိုက်နေသော သူရိန်မင်းခန့်ကို မြင်ရသည်မှာ
စိတ်ရှုပ်စရာအတိ...

" ဟိုကောင်လေး ဘာကိစ္စရှိလို့လဲ..."

" အာ..ကျွန်တော်က သူရိန်မင်းခန့်ရဲ့ သူငယ်ချင်းပါ
သူ့ကိုလာထုတ်တာပါ.."

𝙨𝙚𝙘𝙧𝙚𝙩 𝙡𝙤𝙫𝙚 (𝙤𝙣 𝙜𝙤𝙞𝙣𝙜)Where stories live. Discover now