part - 5

2.5K 68 0
                                    

( unicode)

.
.
.

လွန်ခဲ့သော ၄ နှစ်ခန့်

#ဒေါက် ဒေါက်

စာကြည့်တိုက်တွင် စာဖတ်နေရင်း ခုံကို လာခေါက်
သော လက်တစ်စုံ..
ဘယ်သူမှန်း သိနေပြီးသားမလို့ မသိချင်ယောင်ဆောင်ကာ
စာကိုပဲ ဆက်ဖက်နေလိုက်၏..

" ငယ် ကိုယ့်ကိုစိတ်ဆိုးနေတာလား.."

ဘာစကားမွ ပြန်မပြောပဲ စူပုတ်၍သာ စာထိုင်ဖတ်နေသော
လင်းရောင်စဉ်ငယ် ကြောင့်..

" ကိုယ် တောင်းပန်ပါတယ်ကွာ..အလုပ်ကစောစော
ထွက်မရလို့ပါ..ငယ် အကြာကြီးစောင့်လိုက်ရမှာပဲ.."

" ဒါပေါ့..အကြာကြီးစောင့်ရတဲ့အပြင် ရောက်လဲရောက်
မလာခဲ့ဘူးလေ.."

" ကိုယ့် ကိုနားလည်ပေးပါ ငယ်ရယ်..အခု အားပြီလေ
ငယ် သွားချင်တဲ့နေရာတွေ လိုက်ပို့ပေးပါ့မယ်.."

" တော်ပြီ..မဒိတ်ချင်တော့ဘူး.."

" ငယ် ရယ်.."

" အကို ကငယ့်ကိုချစ်ရောချစ်လို့လား.."

" ဘယ်လိုပြောလိုက်တာလဲ ငယ် ရယ်..ကိုယ် ကငယ့်
ကိုအများကြီးချစ်ရတာပါ..ကိုယ့် ဘဝမွာ အချစ်ရဆုံးက
မေမေ နဲ့ ငယ် ပဲရှိတာ.."

" မသိဘူး..ဒိတ် ဖို့ချိန်းတိုင်း အကို ကအျမဲမအားဘူး..
ငယ့် ကိုအချိန်မပေးဘူး..စိတ်ဆိုးတယ်.."

" မဆိုးပါနဲ့ ငယ်..ဒီနေ့ ကိုယ်အလုပ်ပြီးတာနဲ့ ငယ့်ကို
မေမေ့ဆီခေါ်သွားဖို့ ကိုယ်စီစဉ်ထားတာ.."

ထိုအခါမွ ဟုတ်ရဲ့လားဆိုတဲ့သဘောဖြင့် သူ့ကိုငေးကြည့်
လာ၏..

" တစ္ကယ္လား..ဒီနေ့ အန်တီယမင်းခင် ဆီသြား
ရမှာပေါ့.."

" အွန်း..မေမေက ငယ့်ကို ညစာပါချက်ကျွေးဦးမှာတဲ့.."

ထိုအခါငယ် က စာအုပ်တွေအမြန်သိမ်းပြီး မက်တပ်ထရပ်
ကာသူ့ ကိုမျက်စောင်းထိုးကြည့်ပြီး..

" ဘာလုပ်နေတာလဲ..သွားကြမယ်လေ.."

" ငယ် ကကိုယ့်ကိုစိတ်မဆိုးတော့ဘူးပေါ့.."

" ခင်ဗျားကြီးကိုချစ်လွန်းလို့မဟုတ်ဘူး..အန္တီ့ မျက်နှာ
ကြောင့် ခွင့်လွှတ်ပေးလိုက်တယ်မှတ်.."

𝙨𝙚𝙘𝙧𝙚𝙩 𝙡𝙤𝙫𝙚 (𝙤𝙣 𝙜𝙤𝙞𝙣𝙜)Where stories live. Discover now