part - 4

2.8K 76 0
                                    

( unicode)

.
.
.

" အကြောင်းအရင်က ဥက္ကဌ အသစ်ရွေးချယ်တင်မြှောက်
ဖို့ပဲဖြစ်ပါတယ်...."

သူ့ စကားကြောင့် ရှယ်ယာဝင်တွေဆီမှ ဆူညံသံတချို့
ထွက်ပေါ်လာပြီး...screenပေါ်မှ အဖိုးကြီးသည်လဲ
ရူးရူးရှားရှား ဒေါသထွက်နေ၏...

" မင်း...အဟွတ်အဟွတ်...မင်း ဒါဘာလုပ္တာလဲ.."

" အာ..ကျွန်တော်က အေဖ့ ကျန်းမာရေးကိုတစ်ကယ်
စိတ်ပူလို့ ခုလိုစီစဉ်ဖြစ်သွားတာပါ..."

" မလိုဘူးကြ...အဟွတ်..ခွန်းဥက္ကာမာန် မင်း
ဘာတွေကြံစည်နေလဲ ငါသိတယ်နော်..အဟွတ်..မင်း
အစီစဉ်တွေမဖြစ်စေရဘူးကွ..."

ခွန်းဥက္ကာမာန် အေဖျဖစ္သူအား မဲ့ပြုံးပြုံးကာ ကြည့်နေရာ
မွ ရှယ်ယာဝင်တွေဘက်လှည့်ကာ...

" ကဲ စလိုက်ကြရအောင်..."

ထို့နောက် စလိုက်နှင့်ထိုးပြလာသော ရှယ်ယာ ဇယား...

" လူကြီးမင်းတို့ မြင်တွေ့ရမှာက အခုလက်ရှိ ဥက္ကဌကြီး
ဟာ ကုမ္မဏီ ရဲ့ရှယ်ယာ ၇၆%ကိုပိုင်ဆိုင်ထားပါ..
နောက်တစ်ခုက ကျွန်တော် ရှယ်ယာကတော့ ၈၅%
ရှိပါတယ်..ပုံမှန်အားဖြင့် ဥက္ကဌ နေရာကို ကျွန်တော်
ရရှိမှာဖြစ်ပေမယ့် အခုရှယ်ယာဝင် လူကြီးမင်းတို့ကို
လေးစားသောအားဖြင့် ဆုံးဖြတ်ပေးရန် ခုလို စီစဉ်
လိုက်ရတာပါ..."

ရှယ်ယာဝင်တွေကတော့ သူ့အစီအစဉ်ကို ခေါင်းတငြိမ့်ငြိမ့်
ဖြင့် ထောက်ခံကြသည်...
အဖိုးကြီးကတော့ သူရှုံးနေပြီဖြစ်၍ ဘာမှဝင်မပြောပေမယ့်
ဒေါသထွက်နေသည်မှာ သိသာလွ၏...

" မောင်ရင် ခွန်းဥက္ကာမာန် ရဲ့ လုပ်ရည်ကိုင်ရည် ကို ဦးတို့
ကတစ်ကယ်ချီးကျူးပါတယ်..."

ဒီနှစ်တွေအတွင်း ခွန်းဥက္ကာမာန် ကြောင့် ပိုမိုတိုးတက်
ကောင်းမွန်လာသော လုပ်ငန်းစုကြီးကြောင့် ရှယ်ယာဝင်
တွေဟာ သူ့ကို ပိုမို အားပေးထောက်ခံနေကြသည်..
သူလဲဒီအကွက် ကိုမြင်လို့ကြိုတင်စီစဉ်ခဲ့သည် မဟုတ္လား.....
ယခင် ဥက္ကဌကြီး၏ လက်ဟောင်း ရှယ်ယာဝင်တွေသာ
မထောက်ခံပဲ စီးပွားရောအမြင်ရှိသူတွေဟာ သူ့ကို
အမ်ားအျပား ထောက်ခံကြတာကြောင့် နောက်ဆုံး
ခွန်းဥက္ကာမာန် သည် လုပ်ငန်းစုကြီး၏ ဥက္ကဌအသစ်
ဖြစ်လာခဲ့တော့သည်...

𝙨𝙚𝙘𝙧𝙚𝙩 𝙡𝙤𝙫𝙚 (𝙤𝙣 𝙜𝙤𝙞𝙣𝙜)Where stories live. Discover now