part - 1

5.1K 116 0
                                    

( unicode)

.
.
.

အနက်စွေးစွေး ကုတင်ပေါ်တွင် ထိုင်ကာတစ်ရှုံ့ရှုံ့ငိုနေသော
ငယ့် ကို ခွန်းဥက္ကာမာန် ဘောင်းဘီခါးပတ် ပတ်နေရင်း
လှမ်းကြည့်လိုက်သည်...

" ငိုလို့မပြီးတော့ဘူးလား ငယ်...ပထမ ဆုံးအကြိမ်လဲ
မဟုတ်တော့တာကို ဘာတွေအသားမကျ ဖြစ်နေသေး
တာလဲ..."

" လူယုတ်မာ...ခုထိ အလွတ်မပေးနိုင်သေးဘူးလား..
ငယ့် ဘဝနဲ့ ငယ် အေးဆေးနေပါရစေ..."

" ဟွန်း...ဒါ ကအစပဲရှိသေးတာ..ငယ် ကစိုးရိမ်လွန်း
နေပါပြီ..."

စောင် အောက်က လင်းရောင်စဉ်ငယ် လက်လေးတွေ
တဆက်ဆက်တုန်ရီနေကာ လက်သီးတင်းတင်းဆုပ်
ထားသည်...
ခံပြင်းလွန်းလို့ သွေးပါအန်ချင်နေသည်...ရှေ့က
ခွန်းဥက္ကာမာန် ကိုကြည့်မိတော့ ငယ့်ကိုကြည့်ကာ
မခိုးမခန့်ရီနေ၏...

" ဒေါသတွေ သိပ်ထွက်ပြမနေပါနဲ့ ငယ် ရယ်...
သန့်ရှင်းရေးလုပ်ပြီး အဝတ်ဝတ်တော့ ကိုယ်အိမ်ကို
လိုက်ပို့ ပေးမယ်..စောစောပြန်မှ ပတ်ဝန်းကျင်ကလူတွေ
မရိပ္မိမွာ..."

" မလိုဘူး...ကိုယ့်ဘာသာပြန်နိုင်တယ်..."

ငယ် ဒေါသဖြင့်ပြန်ပြောမိတော့ ဥက္ကာမာန် ဟာ
ကုတင်ပေါ်သို့လာထိုင်ပြီး ကိုက်ရာဗလပွနှင့် သွေးစို့
နေသော ငယ့် ပုခုံးသားတွေ တရူးရူးနမ်းရင်း ပြောလာ
သည်က...

" သိပ်စွာမနေနဲ့ ကိုယ့်ငယ်...နောက်ထပ် ဆိုးကျိုးတွေ
မဖြစ်စေချင်ဘူးဆိုရင် ကိုယ့်စကားနားထောင်..."

.
.
.
.

#ကျွီ....

လင်းရောင်စဉ်ငယ် အိမ်လေးသို့ ပြန်ရောက်ရောက်ချင်း
ပေါ်ထပ်ရှိ အခန်းငယ်လေးထဲသို့ပြေးဝင်ကာ အော်ဟစ်
ငိုယိုမိတော့သည်...
ငယ် ငိုနေတဲ့ မှန်တင်ခုံလေးဘေးရှိ မောင် နှင့် ငယ်ရဲ့
မင်္ဂလာဆောင် ဓာတ်ပုံလေးကိုကြည့်ကာ ပိုတိုးလို့သာ
ငိုမိ၏...

" မောင် ရယ်..အင့်..ဟင့်.. ငယ် တောင်းပန်ပါတယ်..
ငယ့် အမှားတွေကြောင့် မောင့်ကိုတော့ ဒုက္ခမရောက်
စေချင်ဘူး..ဟင့်.."

အခန်းငယ်လေးထဲ ငယ့် ရဲ့ငိုကြွေး သံမ်ားသာ
ပဲ့တင်ထပ်လျှက်...

𝙨𝙚𝙘𝙧𝙚𝙩 𝙡𝙤𝙫𝙚 (𝙤𝙣 𝙜𝙤𝙞𝙣𝙜)Where stories live. Discover now