part - 3

2.9K 73 0
                                    

( unicode)

.
.
.

" ရောက်ပါပြီ.."

" ဟုတ်..."

ထို့နောက် taxiထဲမှထွက်လာသော လင်းရောင်စဉ်ငယ်
ဆေးရုံထဲသို့မဝင်ခင် mask လေးအားတပ်လိုက်ကာ
OG ဘက်ကိုလျှောက်လာခဲ့လိုက်သည်...
အစထဲက ဖုန်းဆက်ကာ ကြိုတင်ချိန်းဆိုထားသောအချိန်
ရောက်လာတာကြောင့် အရှေ့က ကိုယ်ဝန်ဆောင်
အမျိုးသမီး တစ်ယောက်ကိုသာ စောင့်လိုက်ရသည်...
အခြားဗိုက်လာအပ်သော အမျိုးသမီးများက သူ့ကို
ထူးဆန်းသလိုကြည်နေကြပေမယ့် တီရှပ်အပွနှင့်
ကာကီရောင်ဘောင်ဘီအပွလေးဝတ်ဆင်ထားတာ
ကြောင့် သူ့ပုံစံက ယောကျာၤးလေးလိုလို မိန်းကလေးလိုလို
ပုံစံလေးဖြစ်နေ၏...
mask လဲတပ်လာတာကြောင့် ခေါင်းငုံ့၍သာ
ခပ်ကျုံ့ကျုံ့လေးသာထိုင်နေလိုက်သည်...

" နောက်တစ်ယောက် လင်းရောင်စဉ်ငယ်..."

ရှေ့က ကိုယ်ဝန်ဆောင်အမျိုးသမီး ပြီးတော့
နာစ်မလေးတစ်ယောက်ထွက်လာကာ သူ့နမည်ခေါ်လိုက်
တော့ ခပ်သုပ်သုပ် လေးအထဲဝင်သွားလိုက်သည်...
အပြုံးချိုချိုနှင့် ဒေါက်တာ သည် သူ့ကိုကြည့်ကာ..

" လင်းရောင်စဉ်ငယ်..ကိုယ်ဝန်လာအပ်တာလား.."

" ဗ်ာ..အဲ့လိုဆိုပေမယ့် အဓိက ကသားအိမ္ကို
စစ်ချင်တာပါ..."

" အင်း..ဖြစ်တောင့်ဖြစ်ခဲပဲ သားအိမ်စစ်ရမှာမှန်ပေမယ့်
လင်းရောင်စဉ်ငယ် ကေမြးရာပါ မအင်္ဂါ ပါတဲ့အတွက်
ကြောင့် သားအိမ်ရှိပြီး ကိုယ်ဝန်ဆောင်လို့ရနိုင်ပါတယ်.."

" ပြီးတော့ ယောကျာၤးလေးဖြစ်တဲ့အတွက် ပထမဆုံး
ရင်သွေးကို စယူမယ်ဆိုရင်အစစအရာရာ သတိထားရမယ်
အားရှိနေဖို့ လိုတယ်.."

" ဟုတ်..."

" ခု ဒေါက်တာက သားအိမ်အတွက်ရော လူူ့ခန္ဓာကိုယ်
အတွက်ပါ သောက်ရမယ့် အားဆေးတွေရေးပေးလိုက်
မယ်..သားအိမ်စစ်ဖို့အတွက်ရက်ချိန်တစ်ခါထဲယူသွား
လိုက်ပါ.."

" ဟုတ်..."

ငယ် အိမ်ပြန်လာရာ လမ်းတစ်လျှောက် ပျော်ရွှင်စွာဖြင့်
ကြည်နူးနေမိသည်..
ဆေးပြရင်တွေ့လာခဲ့သော ကိုယ်ဝန်ဆောင်အမျိုးသမီး
တွေကိုအားကျကာ မနက္စာအဝစားထား၍ အနည်းငယ်ပူ
နေသော ဗိုက်သားလေးကိုဖိကာ တခိခိရီနေမိသည်..
ငယ် ဒီနေ့ကစပြီး အားဆေးပုံမှန်သောက်ကာ
သားအိမ်စစ်ပြီးသည်နှင့် မောင့် ရင်သွေးရရေးအတွက်
ကြိုတင်အားခဲထားလိုက်သည်...

𝙨𝙚𝙘𝙧𝙚𝙩 𝙡𝙤𝙫𝙚 (𝙤𝙣 𝙜𝙤𝙞𝙣𝙜)Where stories live. Discover now