ဟိုဆော့ကို ဆော့ဂျင်ခေါင်းငြိမ့်ပြလိုက်ပြီး သူလည်း စာအုပ်တွေလိုက်ကြည့်နေမိသည်...

“အစ်ကို ကျွန်တော့်ကို ဟိုးအပေါ်ဆုံးက အပြာနုရောင် စာအုပ်လေးယူပေးပါလားခင်ဗျ...ကျွန်​တော်ယူဖို့ကအရပ်မမှီလို့ ဟီး...”

Seokjin;“အင်း ညီလေး အစ်ကိုယူပေးမယ်...”

ထိုကောင်လေးလက်ညိုးထိုးပြသည့် စာအုပ်လေးက အမြင့်တန်းအဆင့်လေးမှာရှိနေတာကြောင့် သူလက်လှမ်းယူစဉ်....

“အမ‌‌လေး..အစ်ကိုယူ​နေ.?”

ရုတ်တရက်ဆိုသလိုပင် သူ့ရဲ့ခါးအားအနောက်မှ သိုင်းဖက်လိုက်တာကြောင့် လန့်သွားမိလို့ အနောက်လှည့်ကြည့်လိုက်တော့ သူ့ကိုမှင်သေသေကြည့်နေသည့် Jeon Jungkook ကြောင့် မျက်လုံးတွေပင်ပြူးကျယ်သွားသည်...

“ရား...ဖယ်...”

သူ့ခါးပေါ်က Jeon Jungkook လက်ရှည်ရှည်တွေကို ဆွဲဖြုတ်ပစ်ပေမယ့် တစ်စက်ကလေးမှရွေ့....

“ငြိမ်ငြိမ်နေ...!”

“မနေဘူး..”

Jungkook;"ဘာလဲ..? ခင်ဗျားကိုဖက်ထားတဲ့​ကောင်က ကျုပ်ဖြစ်​နေလို့လား..!?"

"မင်းကိုဖယ်လို့ငါ​ကောင်း​ကောင်းမွန်မွန်​ပြော​နေ​တယ်​နော်...! ရာ့...."

သူ့ခါးကို လွှတ်ပေးသည့်အပြင် သူ့ကိုယ်လုံးသည်လည်း တစ်ပတ်လှည့်ခံလိုက်ပြီး သူ့ကျောပြင်နှင့် စာကြည့်စင်ထိကပ်သွားသည်...  သူနဲ့ Jeon Jungkook ကအခုမျက်နှာချင်းဆိုင် တည့်တည့်ကြီး... Jeon Jungkook က သူ့ပခုံးတွေကိုလက်နှစ်ဖက်ဖြင့်ထိန်းချုပ်ထားရင်း သူ့ကိုည့်ည့်မတ်မတ်စူးစိုက်ကြည့်နေသည်.... Jeon Jungkook ရဲ့အသက်ရှူငွေ့ကသူ့မျက်နှာကိုရိုက်ခတ်နေသည်အထိ သူတို့နှစ်ယောက်မျက်နှာက တကယ့်ကိုနီးနီးကပ်ကပ်ပင်...

JEALOUS KING 🔥Where stories live. Discover now