သူမ တွေးလို့ရသည့် တစ်ခုတည်းသော စိတ်လှုပ်ရှားမှုလေးမှာ ထိုနှစ်က နှစ်သစ်ကူးမီးပုံးပွဲတော်၌ ဖြစ်သည်။ စစ်သူကြီးက ပေကျင်းသို့ ပြန်လာဖြစ်ခဲ့သည်။ သူက အရပ်သားဝတ်စုံကို ဝတ်ဆင်ထားပြီး သူမကို ပွဲတော် လမ်းမပေါ်သို့ ခေါ်သွားခဲ့သည်။ လူအုပ်ကြီး၏ အလယ်တွင် စစ်သူကြီးက သူမလက်ကို ကိုင်ထားရင်း သူမအတွက် ထန်ဟူလု တစ်ချောင်း ဝယ်ပေးခဲ့သည်။

(TN: သကြားရည်လောင်းထားတဲ့ ဟောသွန်းဘယ်ရီသီး)

ထန်ဟူလုက ချိုမြိန်ကာ စေးကပ်သောကြောင့် သူမ၏ သွားများတွင် ကပ်နေလေသည်။ စစ်သူကြီးက သူမကို "အရသာ ရှိရဲ့လား

Ups! Tento obrázek porušuje naše pokyny k obsahu. Před publikováním ho, prosím, buď odstraň, nebo nahraď jiným.

ထန်ဟူလုက ချိုမြိန်ကာ စေးကပ်သောကြောင့် သူမ၏ သွားများတွင် ကပ်နေလေသည်။ စစ်သူကြီးက သူမကို "အရသာ ရှိရဲ့လား..."ဟု မေးခဲ့သည်။

သူမ၏ ပါးစပ်ကို မဖွင့်နိုင်သောကြောင့် စိတ်ထဲတွင် ရှက်သွားလေသည်။ ထို့ကြောင့် သူမ ခေါင်းကို ငြိမ့်ပြရုံသာ တတ်နိုင်ပြီး သူမ လက်ထဲမှ ထန်ဟူလုကို စစ်သူကြီးထံသို့ တုံ့ဆိုင်းစွာ ထုတ်ပေးလိုက်သည်။ စစ်သူကြီးက ပြုံးရုံသာ ပြုံးပြီး ခေါင်းခါလိုက်သည် " ကိုယ် မင်းအတွက် ဝယ်ခဲ့တာပါ"

ရုတ်တရက် တစ်စုံတစ်ယောက်က သူမ၏ ပခုံးကို ဝင်တိုက်လိုက်သောကြောင့် ချီယင်း၏ ခြေထောက်များ ယိုင်နဲ့သွားရကာ သူမ၏ အတွေးများ ပျက်သွားရသည်။

ယောင်္ကျားလေးများ အုပ်စုက အချင်းချင်း ဆဲဆိုရင်း ကော်ရစ်ဒါတစ်လျောက်တွင် လေပြင်းတိုက်သွားသလို တစ်ယောက်နောက်သို့ တစ်ယောက်လိုက်ကာ အလျင်အမြန် ပြေးသွားကြလေသည်။ ယုကျောက်က ချီယင်းကို ကူမပေးထားလိုက်ပြီး မတောင်းပန်ဘဲ ပြေးသွားကြသော ကောင်လေးကို ဆူပူကြိမ်းမောင်းလိုက်သည် "မင်း ကန်းနေတာလားကွ..."

သူဌေးကြီးရဲ့ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း [MM Translation]Kde žijí příběhy. Začni objevovat