အပိုင်း(၂၆)

Start from the beginning
                                    

လမင်းလဲ နေကြီးကိုဆွဲနေရာမှမရတဲ့အဆုံး။

"ခင်ကြီးဆရာမဘယ်မှာလဲ"
(လမင်း)

"ဟိုဘက်အဆောင်က vip room ထဲမှာ ဧည့်သည်နဲ့စကားသွားပြောနေတာ"
(ခင်ကြီး)

"ပုတီး ငါတို့တားလို့ရမှာမဟုတ်ဘူးလာဟာဆရာမ ဆီသွားရအောင်"
(လမင်း)

"အေး ခင်ကြီးခဏလေးခုပဲပြန်ခဲ့မယ်နော်"ဟုဆိုကာအမြန်ထွက်သွားကြသည်။

"ဪ အေးအေး မနိုင်ပါဘူးဆို ထားခဲ့ကြ "
ခင်ကြီးပြောသော်လဲဟိုနှစ်ယောက်မှာမကြားတော့ပေ။

ဆိုင်ရှိဝန်ထမ်းများမှာလဲ သူတို့အားမဆွဲပဲကြည့်နေကြသည်။နေကြီးစိတ်လွတ်နေသည်မို့မဆွဲရဲကြတာလဲပါပေမယ်။

တဖြည်းဖြည်းခင်ကြီးပင်လန့်လာမိသည်။
အောက်ကလူသာသွေးထွက်လွန်သွားရင်ခက်ပေမည်။

မကြာမီဆရာမလာ‌နေသည်ကိုတွေ့၍သာသက်ပြင်းအနည်းငယ်ရှုရိုက်မိသည်....

ထိုနေ့ကသတင်းအငွေ့အသက်များဟာတစ်မြို့လုံးက်ိုပင်ပျံ့နှံ့လို့။

နှင်းမေ ထိုကလေးအားစိတ်တိုမိသည်။ မည်သို့ပင်ပြောဆိုနေကြပါစေအုံး ကိုယ့်စိတ်ကိုတော့ကိုယ်ထိန်းနိုင်ရမည်။

ယခုမူတစ်ဖက်က စိတ်ကျေနပ်အောင်မနည်းပင်ပြောဆိုရသည်။မကျေနပ်ကြည့်ပါလား ထိုကလေး ဘယ်လိုလုပ်မည်နည်း။အဲ့လိုအရာရာ‌ကိုနောက်ဆက်တွဲကိုမကြည့်‌ေသာအဖြစ်တွေကိုနှင်းမေမုန်းသည်။

"ဆရာမ"

နှင်းမေ အိမ်အရှေ့ဘက်က သစ်သားခုံလေးမှာထိုင်ကာ ပြတင်းပေါက်ကိုငေး၍ နေတုန်းကြားလိုက်ရတဲ့အသံကြောင့်အနောက်ကိုလှည့်ကြည့်လိုက်သည်။

"ဘာလာလုပ်တာလဲ မေခင်မြတ်နိုး"

"ဟိုဟာလေ ဆရာမ နေကြီး.."

"ဘာပြောအုံးမလို့လဲသူ့အကြောင်းဆိုလာရာလမ်းအတိုင်းပြန်"

"မဟုတ်ပါဘူးဆရာမရယ် သူက ဆရာမကိုစော်ကားပြောဆိုနေကြလို့မခံနိုင်.."

"အဲ့တာနဲ့မိန်းက‌လေးယောက်ကအဲ့လိုလူကြီးပိုင်းအမျိုးသားနှစ်ယောက်နဲ့ယှဉ်ရန်ဖြစ်ရ‌ရောလား
တို့စကားတွေရှည်ရှည်ဝေးဝေး ထပ်မပြောချင်ဘူး မင်းပြန်တော့"

Appreciate the flower you wearWhere stories live. Discover now