မှောင်မည်းသွားသည့် အချိန်တွင် ယင်ညန်သည် သူ့ကိုဖက်၍ အိပ်ရာပေါ်တွင် အိပ်ရန် အဆင်သင့်ဖြစ်နေလေပြီ။ ကျန်းကျိရင် သူ၏ နှလုံးသားထဲမှ ငြိမ့်ညောင်းသော ခံစားချက်ကို မနည်းထိန်းထားရသည်။ ယင်ညန်ကိုယ်ပေါ်သို့ တွားတက်သွားပြီး ပေါ်နေသော လည်ပင်းလေးကို လျက်လိုက်သည်။

"ဝမ့်အန်း မီမီ"

ကျန်းကျိရင် နူးညံ့သော အသံသေးသေးလေးနှင့် ပြန်ပြောသည်။

"အောင်းဝ်"

အခန်းတစ်ခုလုံး ရုတ်တရက် မှောင်မည်းသွားသည်။ အလင်းရောင်ဟူ၍ ပြတင်းပေါက်မှ ဝင်လာသော လရောင်ဖျော့ဖျော့သာ ရှိပြီး လော်ရယ်ပင်ကြီးများ၏ လေတိုက်ရာမှ ထွက်လာသော အသံများသာ ရှိတော့သည်။ ယင်ညန်ကဲ့သို့ ဗီလိန်ဘော့စ်တစ်ယောက်သည် ခြင်တစ်ကောင်ပင် ဝင်မလာနိုင်သော မြေအောက်ဓာတ်ခွဲခန်းလိုနေရာမျိုးတွင် နေသင့်သည်။

သို့သော် တကယ်တမ်းတွင် ယင်ညန်သည် အခြေစိုက်စခန်းထဲရှိ နှစ်ထပ်အဆောက်အဦးတစ်ခုတွင်သာ နေခဲ့သည်။ သူ၏ အိပ်ခန်းသည် ဒုတိယထပ်တွင် ရှိသည်။ နေရောင်ရော လရောင်ပါ ရနိုင်မည့် နေရာဖြစ်သောကြောင့် နေရာမှန်ကို ရွေးချယ်ထားသည်ဟု ဆိုရမည်။

ဤကမ္ဘာပျက်ကပ်တွင် လူတိုင်းသည် အကြောက်တရားကိုသာ အဖော်ပြု၍ နေထိုင်ကြရသည်။ အစောင့်အကြပ်ကောင်းကောင်းရှိသည့် အခြေစိုက်စခန်းကြီးများတွင်ပင်လျှင် ညတိုင်း မအိပ်ခင်တိုင်းတွင် ဇွန်ဘီများ အိပ်မောကျနေစဉ် ဝင်မလာနိုင်စေရန် တံခါးများ ပြတင်းပေါက်များ သေချာပိတ်ပြီး မပြီး အထပ်ထပ်အခါခါ လိုက်စစ်ကြပြီးမှ အိပ်ကြရသည်။

ထို့အပြင် ကမ္ဘာပျက်ကပ်ကြီး၏ လက်သည်က ဤသို့ ရိုးရှင်းပြီး စိတ်အနှောက်အယှက်ကင်းကင်းဖြင့် သာသာယာယာနေနေရသည်မှာ လုံးဝ မတရားပေ။

'ဒီဝံပုလွေဆိုးကြီးကတော့....'

ကျန်းကျိရင် စိတ်ထဲမှ ကျိတ်၍ ကျိန်ဆဲလိုက်မိသည်။ ၐ

'ငါ ဘယ်လိုလုပ်ပြီးတော့များ သူ့ကို ကြိုက်နိုင်ရတာလဲ'

'ဒါပေမဲ့ သူ့ကို ကြိုက်တယ် သူ့ကိုပဲ ကြိုက်တယ်'

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now