သူ .. သူ၏လက်များကို ပုံထဲသို့ထည့်လိုက်သည်နှင့် သူ၏ ချီစွမ်အင်းများက သွေးများကို အငမ်းမရ စုပ်ယူလေတော့သည်။
ပုံးထဲမှ သွေးများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ လျှင်မြန်စွာရောက်ရှိသွားပြီး ပြောင်းလည်းမှုများစတင်ဖြစ်ပေါ်လာသည်။

"ဟားဟား ဒီဆေးက ရွှမ်ရှင်းရဲ့ဆေးနဲ့ အာနိသင်အတူတူပါပဲလား" သူ လွန်စွာပျော်ရွှင်သွားမိသည်။သူဖော်စပ်ခဲ့သည့် နှစ်
တစ်သောင်း သားရဲသွေးဆေးမှာ ရွှမ်းရှင်း၏ ဆေးကဲ့သို့ပင် အာနိသင်အတူတူဖြစ်နေသည်။သူကား ရွှမ်ရှင်း၏ ဆေးဖော်နည်း
ကားကို ပွားယူနိုင်ခဲ့လေပြီ။သွေးထဲမှ အညစ်အကြေးများကုန်သွားသည်နှင့် သွေးက ပကတိသန့်စင်သွားတော့သည်။

သူသည် ယခုမှ သွေးနှော အဆင့် 7 သို့သာ ရောက်သေးသည်။သူ၏ ပုံမှန်သိုင်းပညာနှင့်ဆိုလျှင် သွေးများတည်ငြိမ်သွားစေ
ရန် နောက်ထပ် နှစ်လခန့်အချိန်ယူရမည်ဖြစ်သည်။သို့သော် ဤနည်းဖြင့်ဆိုလျှင် သူ၏ ကျင့််ကြံသည့်နှုန်းက များစွာတိုးတက်
သွားမည်ပင်။နှစ်တစ်သောင်း မှော်သားရဲ သွေးဆေး သူ့ထံ၌ လုံလုံလောက်လောက်ရှိနေလျှင် ကျင်ကျီအဆင့်ကိုပင် သူ တိုက်
ရိုက်တက်နိုင်သွားမည်ဖြစ်ပါသည်။

ခန္ဓာကိုယ်တွင်းမှ သွေးများကို အာရုံခံရင်း သူ သက်ပြင်းချမိသည်။

"ဟီးဟီး ဒီသွေးတစ်ပုံးက လ၀က်လောက် ကျင့်ကြံတာနဲ့ညီမျှတဲ့ရလာဒ်ကိုရတာပဲ"

သူ စိတ်လှုပ်ရှားနေမိသည်။ယင်းက သူ့အတွက် အချိန်ကုန်ခြင်းကို လွန်စွာသက်သာစေသည်ပဲ။သွေးများကို စုပ်ယူပြီးလျှင်ကျောက်
တောင်တစ်ခု၏ အောက်ခြေ၌ ဂူတစ်လုံးကို သူ တွေ့သည်။ယင်းဂူမှာ မူလက ကင်းခြေများ၏ သားရဲတွင်းဖြစ်ခဲ့သော်လည်း ယခုတော့
သူ့၏ နာခို၊စတည်းချရာ နေရာဖြစ်လာခဲ့ချေပြီ။

တတိယအဆင့် မှော်သားရဲတစ်ကောင်၏ ပိုင်နက်သည်အတော်အတန်ကျယ်ပြောကြောင်း သူသိ၏။ဤနေရာနှင့် မိုင်ပေါင်တော်
တော်များများအတွင်း မည်သည့် မှော်သားရဲမှ ရှိမည်မဟုတ်။ဤဂူက သူ့အတွက်အချိန်ခဏတော့ လုံခြုံစိတ်ချရပေသည်။
ကံကောင်းစွာဖြင့် ဂူသည် အပျက်အစီးများမရှိလှပဲ သန့်ရှင်းသပ်ယပ်နေ၏။ဤကင်းခြေများကား အတော်အသန့်ကြိုက်သည့် ကင်းခြေ
များပဲ ဟု ခပ်ချဉ်ချဉ်ဖြင့် သူ တွေးမိသေး၏။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now