အကြီးအကဲမှာ သိမ်းငှက်ပေါ်မှနေ၍ ဓားအားလှိုင်းတစ်ချက် လွှတ်လိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ ငွေရောင်ကင်း
ခြေများသည် တစ်ချက်တည်းဖြင့်သေလေတော့သည်။ဤမျှကြောက်မက်ဖွယ်ရာ စွမ်းအားကိုမြင်လျှင် သူ အလွန်အားကျ
ရပါသည်။

သွေးများကို ပုန်းထဲသို့ထည့်လိုက်၏။သို့သော် သွေးသည် မသန့်စင်တတ်သေးသည်ဖြစ်၍ သန့်စင်အောင်လုပ်ဖို့လိုနေ
သေး၏။ဆေးတစ်လုံးကိုထုတ်၍ ပုံးထဲသို့ သူ ပစ်ထည့်လိုက်သည်။ပုံးထဲမှ သွေးများ သည် ပူပေါင်းများ ပလုံစီထ၍ ချက်ချင်း
ဆူတက်လာသည်။လေထုထဲသို့ အငွေ့များလှိုင်လှိုင်ထွက်လာပြီးလျှင် မခံမရပ်နိုင်အောင်နံလာလေသည်။သို့သော် ကင်းခြေ
များ၏ သွေးထဲ၌ ရှိသောအဆိပ်သည် မပြင်းလှသောကြောင့် ရှုမိသူများအား မူးဝေသွားလောက်အောင်သာဖြစ်စေရာ အဆိပ်
ဖြေဆေးတစ်လုံးလောက် သောက်လျှင်ပင် ကိစ္စမရှိချေ။

တစ်နာရီခန့်ကြာသည်တွင် သွေးများဆူပွက်နေရာမှ ရပ်သွား၏။ထွက်နေသည့် အငွေ့များရပ်သွားလျှင် သွေးများသည် ယခင်
ကထက်ပို၍ ပျစ်လာသည်ကို တွေ့ရသည်။

"ဟီးဟီး အခုမှ ကောင်းသွားတော့တယ်" သူ ပြုံး၍ ဆေးမှုန့်များထည့်ထားသည့်အိတ်ကိုထုတ်ယူလိုက်သည်။ယင်းမှာ သူ ဤနေ
ရာသို့မလာ ခင် ရွှမ်ရှင်း၏ သားရဲတစ်သောင်း သွေးအမြူတေဆေးနည်းအတိုင်းဖော်စပ်ခဲ့သော ဆေးမှုန့်များဖြစ်၏။
သွေးထဲသို့ဆေးမှုန့်များဖြူးချလိုက်လျှင် ပုန်းထဲမှ တဖျစ်ဖျစ်မြည်သံများကို ကြားရသည်။သွေးညှီနံ့က စူးစူးဝါးဝါးထွက်လာ
ပြန်သည်။

ယင်းသည် ဆေးမှုန့်၏ အာနိသင်သက်ရောက်မှုကြောင့်ဖြစ်ကြောင်း သူ သိသည်။2 နာရီခန့်ကြာလျှင် သွေးများ ဆူဝေ
နေရာမှ ငြိမ်သွားသည်။

"အချိန်ကျပြီ" သူ အသက်ကို ၀၀ရှုလိုက်၏။သူ၏ ဆေးနတ်ဘုရား မှတ်ညာဏ်များအပေါ်၌ သူသည် လွန်စွာ ယုံကြည်မှု
ရှိလင့်ကစား ဤ ဆေးကို ကိုယ်တိုင်စဖော်ရာ၌ အနည်းငယ်မျှ စိုးထိတ်နေမိသေးသည်။

"ငါအောင်မြင်ရမယ် မအောင်မြင်ရင် ငါ ဒီနေရာမှာသေသွားလိမ့်မယ်"

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now