မလိုအပ်သော ပြဿနာများကို မဖိတ်ခေါ်မိစေရန် ကျန်းကျိရင်သည် ချက်ချင်းပြန်မပြောင်းမိဖို့ သူ့ကိုယ်သူ ဆုံးမနေရသည်။ ထို့ကြောင့် ထွက်ပေါက်ကို မြင်သည်နှင့် အပျော်လွန်ပြီး ထခုန်မိလေတော့သည်။

ကျန်းကျိရင် သူ၏ ခြေပုတိုလေးများဖြင့် ထွက်ပေါက်ဆီသို့ အတင်းမြန်မြန်ပြေးသွားသော်လည်း သူ၏ ခြေလှမ်းများက သူ့ခန္ဓာကိုယ်ထက် ရှည်လျားနေသည်ကို စိတ်မကောင်းစွာ သိလိုက်ရသည်။ အာရုံဦးက သူ့ရှေ့မှာပင်။ ထို့အပြင် ကျန်းကျိရင်သည် မည်သည့်အကြောင်းနှင့်မှ ဇွန်ဘီဘော့စ် သူ့နောက်လိုက်မလာနိုင်တော့ကြောင်း တွေးလိုက်ပြီး ဆက်၍ တွန့်ဆုတ်မနေတော့ဘဲ Item Store ကို ပထမဆုံး အနေနှင့် ဖွင့်လိုက်သည်။ သို့သော်

"Found"

ကျန်းကျိရင် "........."

သူဤနေရာတွင် လဝက်လောက်နေခဲ့သည်။ သို့သော် အမှန်မှာ တကယ့်အစစ်အမှန်ကမ္ဘာတွင် တစ်ညသာ ကုန်သွားသေးသည်။ ဤ item store ကို သုံးရက်အတွင်း ပြင်ဆင်၍ ပြီးမည် မပြီးမည် မည်သူက သိပါမည်နည်း။

'ငါ အခု သုံးရက်လုံး ကြောင်ဖြစ်နေတော့မှာလား'

'ကမ္ဘာပျက်ကပ်မှာ လူသားချင်းစာနာစိတ်တောင် မရှိကြတော့တာ ဘယ်သူက တစ်ချိန်လုံး ပိုးမွေးသလို မွေးနေရမဲ့ ကြောင်ကို အသက်ရှင်အောင် မွေးမှာတုန်း'

ကျန်းကျိရင် စိတ်ဆိုးစွာဖြင့် နောက်လှည့်လိုက်ပြီး ပါးစပ်ကလည်း ဆက်တိုက် စကားတွေ ပြောနေသည်။

"အောင်းဝ်"

ထို့နောက်တွင် သူ့ကိုယ်ပေါ်သို့ အရိပ်တစ်ခု ကျလာသည်။ ကျန်းကျိရင် လန့်သွားသည်။ သူ၏ ခေါင်းသေးသေးလေးကို သံသယရှိသည့် ငမိုက်သားလေးပုံပေါက်စွာ မော့ကြည့်လိုက်သော်လည်း အနက်ရောင်ရှူးဖိနပ်များနှင့် ဘောင်းဘီရှည်နက်နက်များကိုသာ မြင်နိုင်သည်က ခက်သည်။

'.... ရှည်လိုက်တာ'

ထိုလူသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့ထံသို့ လက်ကို ဆန့်လိုက်သည်။

"အသေးလေး ဒီမှာ ဘာလို့ တစ်ယောက်ထဲ နေနေတာလဲ"

32 02

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now