ကစားသမားများ နယ်မြေတစ်ခုကို ဝင်ရောက်မကစားမှိတွင် ပြသသည့် ကာတွန်းသရုပ်ဖော်ပုံနှင့် တူနေသည်။ ကစားသမားများသည် စွန့်ပစ်ထားသော အုပ်ချုပ်ရေးအဆောက်အဦးထဲသို့ ဝင်ရောက်နိုင်ပြီးနောက်တွင် မျဉ်းတစ်ကြောင်းအလား ကျဉ်းမြောင်းသော လမ်းမှတစ်ဆင့် မြေအောက်ဓာတ်ခွဲခန်းထဲသို့ ဝင်နိုင်သည်။

ဤအကြံက ဖြစ်နိုင်ကြောင်း သူမြေအောက်ထဲ ရောက်သွားသည်နှင့် အတည်ပြုလိုက်နိုင်သည်။ ရင်းနှီးကျွမ်းဝင်လှသော လမ်းဆုံလမ်းခွကို မြင်လိုက်ရသည်။ ဘယ်တစ်ဖက် ညာတစ်ဖက် လမ်းနှစ်လမ်းနှင့် အလယ်တည့်တည့်တွင် စုန်းမီးတောက်ကဲ့သို့ အစိမ်းရောင် လမ်းပြမီးက လင်းနေသည်။

ဤအချိန်တွင် အဝင်စတွင် တိတ်တဆိတ် ပုံရိပ်တစ်ခု ပေါ်လာသည်ကို မြေအောက်ထဲတွင် ရပ်နေကြသော မည်သူမှ မသိလိုက်ကြပေ။ ထိုသူသည် သူတို့ယခုလေးတင် ဝင်သွားသော ကွေ့ကောက်သော လှေကားများနှင့်လုပ်ထားသည့် ဝင်ပေါက်မှ ခနကြာအောင် ကြည့်နေပြီးနောက် ပျောက်ကွယ်သွားသည်။

အဖွဲ့နှစ်ဖွဲ့သည် လုံးဝကို လိုက်လျောညီထွေ မဖြစ်သည့်အပြင် ကျန်းကျိရင်သည်လည်း ယဉ်ကျေးမနေတော့ပေ။ တိုက်ရိုက်ပဲ သူ့လူများကို ဦးဆောင်၍ ဘယ်ဖက်လမ်းဆီသို့ ဝင်သွားတော့သည်။ ကစားသမားတစ်ယောက်၏ အတွေ့အကြုံကို အခြေခံ၍ ဘယ်ဖက်လမ်းသို့ သွားခဲ့ခြင်းဖြစ်သည်။

မဟုတ်လျှင်လည်း လမ်းနှစ်ခုက တစ်နေရာတွင် ဆုံမည်မှာ သေချာသည်။ သို့သော် ဘယ်ဖက်လမ်းကား ထောင်ချောက်များနှင့် မွန်းစတားများ နည်းလေသည်။ ဂိမ်းထဲတွင် နယ်မြေများသည် ၎င်းတို့၏ များပြားလှသော ထောင်ချောက်များနှင့် မွန်းစတားများကြောင့် နာမည်ကျော်သည်။ မဟုတ်လျှင်လည်း များမြောင်လှသော ဇွန်ဘီများ ရှိတတ်သည်။

နောက်ဆုံး ဆုံမှတ်တွင် ထောင်ချောက်မျိုးစုံရှိသည့် အခန်းကျယ်ကြီး ရှိမည်ဖြစ်ပြီး အဆင့်ငါး အဆိပ်ဇွန်ဘီ ဘော့စ်လည်း ရှိနေမှာဖြစ်သည်။ သို့သော် အဖွဲ့နှစ်က ဤနေရာသို့ ရောက်ခဲ့ပြီးဖြစ်သည့်အလျောက် ဘော့စ်ကို ရှင်းပစ်ခဲ့ပြီးလောက်ပြီဟု ထင်ထားသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now