Part 23(Unicode)

Beginne am Anfang
                                    

" ဤနို့ဆန်ပြုတ်လေးကို ၀င်အောင်အရင် သုံးဆောင်တော်မူပါ အစ်မတော်။ ပြီးနောက်မှ ဆေးရည်ကို သောက်သုံးတော်မူပါ"

သစ်သားဇွန်းလေးဖြင့် နို့ဆန်ပြုတ်ကို သူကိုယ်တိုင် တစ်ဇွန်းချင်းစီခပ်၍ ပဒုမ္မာကိုတိုက်ကျွေးနေလေသည်။ ပဒုမ္မာ ကလည်း ပြုံးပြုံးလေးဖြင့် နှစ်ခြိုက်စွာ သုံးဆောင်တော်မူ၏။ ယခုမှ နာလန်ထစ လူမမာတစ်ဦးဖြစ်တာကြောင့် ပဒုမ္မာ ရဲ့မျက်နှာလေးဟာ ဖျော့တော့နေဆဲပါ။ သို့ပေမဲ့ အပြုံးလေးတွေကတော့ သိပ်ကိုလှပ၍ ချိုသာလွန်းလှ၏။ ခါးသက်လွန်းသည့် ဆေးရည်ကို တစ်ချိုက်တည်း သောက်သုံးလိုက်ပြီးတဲ့နောက်မှာတော့ ပဒုမ္မာ ရဲ့မျက်နှာဟာ အနည်းငယ် ရှုံ့တွလို့နေသည်။

" ဆေးကခါးတယ်ဆိုတာသိလို့ ဟောသည်မှာ ထန်းလျက်ခဲလည်း အသင့်ယူဆောင်လာပေးခဲ့တယ် "

သူ့ရဲ့ နှုတ်ခမ်းဝနားအထိ ထန်းလျက်ခဲလေးကို မုဒ္ဒြာ ကလာရောက်ဆက်သတော့ ပဒုမ္မာ နှစ်ခြိုက်စွာပြုံးမိပြန်သည်။ ချစ်သောသူရဲ့ ကြင်နာယုယမှုကိုခံရတော့ ပဒုမ္မာ စိတ်ဘဝင်ကြည်နူးလို့နေ၏။ မုဒ္ဒြာ ကမ်းပေးသည့် ထန်းလျက်ခဲလေးကို လှပလွန်းသော နှုတ်ခမ်းဖျားတစ်စုံဖြင့် ပဒုမ္မာ သိမ်းသွင်းလိုက်လေသည်။ ခါးသက်သောအရသာကိုယ်စား ချိုမြိန်ခြင်းက အာခံတွင်းထဲ အစားထိုးဝင်ရောက်လာသည်မို့ ပဒုမ္မာ နှစ်နှစ်ခြိုက်ခြိုက် ဆက်၍ပြုံးထားလေသည်။ သူမ၏ဘဝသည်လည်း ခါးသက်ခြင်းမှ ချိုမြိန်ခြင်းသို့ ကူးပြောင်းလာခဲ့ပြီပဲလို့ စိတ်ထဲမှ ၀မ်းပမ်းတသာဖြင့် ရေရွတ်နေမိသည်။

" မထင်ထားခဲ့မိဘူး .. "
" ဘာကိုများလဲ အစ်မတော် ? "
" ယခုလိုမျိုး ညီမတော်ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပေးတဲ့ အစားအသောက်တွေကို တစ်နေ့နဲ့အမျှ သုံးဆောင်ခွင်ရလာလိမ့်မယ်လို့ ဟိုအရင်က မတွေးဖြစ်ခဲ့ဘူး။ အစ်မတော် ပြန်ပြီးသက်သာလာတဲ့အခါကျရင်လည်း စရီ့အတွက် စားတော်ပွဲကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးချင်မိပါသေးရဲ့ .. ဟက် .. မချက်ပြုတ်တတ်ပေမဲ့လည်းပေါ့လေ .. "

အဆုံးသတ်မှာ ရှက်ပြုံးလေးနဲ့ ပြောလိုက်တဲ့ ပဒုမ္မာ ရဲ့မျက်နှာကို မုဒ္ဒြာ ငေးကြည့်ရင်း အသက်ဝင်စွာ ပြုံးရယ်လိုက်မိသည်။

နှောင်ကြိုး ၊ နှောင်ကြိုးWo Geschichten leben. Entdecke jetzt