Part 7(Unicode)

9.4K 845 53
                                    

ဖြူစုတ်စုတ် လက်ချောင်းလေးတွေကို ကိုင်ကြည့်မိလိုက်တော့ အေးစက်သောအထိအတွေ့ကို ခံစားလိုက်ရပါသည် ။ ထို့ကြောင့် ပဒုမ္မာ ဟာ မုဒ္ဒြာ ရဲ့လက်ချောင်းလေးတွေကို သူ့လက်နဲ့ဆုပ်ကိုင်ပေးထားရင်း နွေးထွေးလာအောင် ဆုပ်နယ်ပေးနေမိသည် ။

" အစ် မ တော် ... "

မုဒ္ဒြာ ၏နှုတ်တစ်စုံမှ တိုးသဲ့သဲ့လေးညည်းတွားရေရွတ်သံကို ကြားလိုက်ရသဖြင့် ပဒုမ္မာ ရဲ့မျက်ဝန်းတို့က ၀ိုင်းစက်သွားလေသည် ။

" စရီ ... သတိကပ်ပြီလား ... အစ်မတော်ရဲ့အသံကို ကြားရလားဟင် ... "

မုဒ္ဒြာ ၏နား အနားသို့တိုးကပ်၍ ညင်သာသောအသံဖြင့် မေးလိုက်တော့ အဖြေစကား ပြန်မကြားခဲ့ရချေ ။

" အဲ့လိုပဲ စရောက်လာကတည်းက တစ်ချက်တစ်ချက် သခင်မကိုသာ ယောင်ယမ်း ရေရွတ်နေတာပါပဲ ဘုရား ... "

သလွန်ခြေရင်းတွင် ဒူးတုတ်ခစားလျက်ရှိသော အထိန်းတော်ကြီး ခင်ဦး ကလျှောက်တင်လေသည် ။ အဖျားကကြီးနေပြီး နဖူးကအပူချိန်က လျော့ကျမသွားခဲ့ ။

" အပူရှိန်က နည်းနည်းလေးတောင်မှ လျော့ကျမသွားသေးဘူး ... ခင်ဦး ရေ .. "

" ဘုရား .. "

" ချည်ပုဝါတစ်ထည်နဲ့ ရေထည့်ထားတဲ့ဖလားတစ်လုံး ယူခဲ့ပါကွယ် .. ခပ်မြန်မြန်လေး .. "

" မှန်ပါ့ ဘုရား .. "

ညအတော်နက်နေပြီမို့ မယ်တော်ကြီးကိုတော့ အိပ်ဆောင်တော်သို့ ပြန်ကြွခိုင်းလိုက်ကာ ပဒုမ္မာ ဟာသူ၏ညီမတော်အား ကိုယ်တိုင်ကိုယ်ကျ မအိပ်မနေပဲ ပြုစုပေးနေခဲ့သည် ။ ခင်ဦး ယူလာပေးသည့် ချည်ပုဝါအား ငွေဖလားထဲသို့ထည့်၍ ရေကိုစိုနေအောင်ဆွတ်ပြီးတော့မှ ပြန်ညှစ်ချလိုက်သည် ။ ထို့နောက် ပုဝါစကို လေးခေါက်ချိုးပြီး မုဒ္ဒြာ ရဲ့နဖူးပေါ်သို့ တင်ထားပေးလိုက်၏ ။

" ဆေးတိုက်ဖို့ အချိန်ရောက်ပါပြီ ဘုရား .. "

ဆေးရည်ထည့်ထားသည့် ပန်းကန်လုံးကိုကိုင်၍ အိပ်ဆောင်တော်အတွင်းသို့ ၀င်လာသည့် သမားတော်ကြီးကိုမြင်တော့

" ပေးပေး သမားတော်ကြီး .. အကျွန်ုပ်ကိုယ်တိုင် တိုက်တော်မှုမယ် .. "

နှောင်ကြိုး ၊ နှောင်ကြိုးWhere stories live. Discover now