Part 19(Unicode)

5.5K 576 70
                                    

" တက် ... "

နန်းလွန်းအိန် ဟာခတ်ထန်သောလေသံဖြင့် ပဒုမ္မာကို မြင်းလှည်းရဲ့အနောက်ဘက်၌ ထိုင်ခိုင်းစေခဲ့သည်။ ထို့နောက် ပဒုမ္မာရဲ့ နံဘေးမှာ နန်းလွန်းအိန်တက်ထိုင်လိုက်ပြီး အ၀တ်စဖြင့်ပတ်ကာ ဝှက်ကိုင်ထားတဲ့ ဓားမြှောင်နဲ့ ပဒုမ္မာရဲ့ခါးကို နောက်ကျောမှ ထောက်ထားတာ နေပြည်တော်မှ ထွက်ခွာလာသည်အထိပင်။ နန်းလွန်းအိန်ရဲ့စိတ်ထဲမှာတော့ ပဒုမ္မာ ထွက်ပြေးသွားမည်အထင်ဖြင့် ဓားနှင့်ထောက်ထားခြင်းဖြစ်သော်လည်း ပဒုမ္မာ ကတော့ မိမိရဲ့စိတ်ဆန္ဒအတိုင်း လိုက်ပါလာသူဖြစ်တာကြောင့် ထွက်ပြေးဖို့အတွက် စိတ်ကူးလုံးဝမရှိပေ။ သူ့ရှေ့တည့်တည့်မှာထိုင်နေသော မုဒ္ဒြာ ရဲ့မျက်နှာကိုသာ ပဒုမ္မာ ဟာ ငိုထားလို့နီစွေစွေဖြစ်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ တွေတွေလေး ငေးကြည့်လို့နေရှာသည်။ မုဒ္ဒြာ ကတော့ ပဒုမ္မာ ရဲ့မျက်နှာကို ယောင်လို့တောင် မျက်နှာချင်းမဆိုင်။ ခေါင်းကိုဘေးဘက်သို့ တစ်ချိန်လုံးလှည့်ထား၏။

နေပြည်တော်ရဲ့ ဂိတ်မြို့ရိုးတံခါးကို ကျော်ဖြတ်လာပြီး မြို့အပြင်ဘက်ကိုရောက်လာသည့်အချိန်မှာတော့ ... ။

နန်းလွန်းအိန် သည်သူ့သခင်မ မုဒ္ဒြာ ရဲ့မျက်နှာကို တစ်ချိန်လုံးကြည့်နေတဲ့ ပဒုမ္မာ အားအခဲမကြေစွာရှိနေလေသည်။ ထို့ကြောင့် ခါးမှာစည်းထားတဲ့ ချည်ပဝါစအနက်ရောင်ကို ဖြုတ်၍ ပဒုမ္မာရဲ့ မျက်ဝန်းလှလှလေးတွေအပေါ်ကနေ တင်းတင်းကျပ်ကျပ်ပိတ်စည်း၍ ချည်နှောင်ပစ်လိုက်သည်။

ဘာမှမမြင်ရတော့ပဲ အမှောင်ထုဖုံးအုပ်သွားတာကြောင့် ပဒုမ္မာ အနည်းငယ်တော့ စိတ်ကျဉ်းကျပ်သွားသည်။ အခုမှ သူလွမ်းဆွတ်တမ်းတနေရတဲ့သူကို မြင်တွေ့ခွင့်ရရုံရှိလေးပဲရှိပါသေးသည် .. အမြင်အာရုံကို ပိတ်ပင်တားဆီးခြင်းခံလိုက်ရတာမို့ ၀မ်းနည်းသလိုဖြစ်သွားခဲ့သည်။ ရှေ့တည့်တည့်မှာ သူသိပ်ချစ်ရတဲ့ ညီမတော်ထိုင်နေတယ်ဆိုတဲ့အသိစိတ်လေးနဲ့ ဖြေသိမ့်ရင်း ချစ်ရသူရဲ့ အသက်ရှုသံသဲ့သဲ့ကိုသာ အာရုံစိုက်နားထောင်နေမိသည်။ ထိုအသက်ရှုသံလေးကြားနေရရုံဖြင့်ပင် ပဒုမ္မာ ရဲ့ကမ္ဘာလောကဟာ နေမင်းတစ်စင်း ထွန်းပေါ်လာသလိုမျိုး လင်းထိန်လျက်ရှိနေပါသည်။

နှောင်ကြိုး ၊ နှောင်ကြိုးWhere stories live. Discover now