Part 3(Zawgyi)

4.1K 172 8
                                    


" ဘယ်လိုပဲဖြစ်စေကာမှု အကျွန်ုပ်ကတော့ မင်းသမီး မဟာစရီမုဒ္ဒြာဒေ၀ီ အနေနဲ့ ဤတိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ယူဆတယ် .. ဘယ်နှယ့် အမျိုးသမီးတစ်ဦးက ရာဇာ့ပလ္လင်ပေါ်တက်မယ်ဆိုတာ ဖြစ်သင့်ရဲ့လား ပြောကြစမ်းပါဦး ... "

မုဒ္ဒြာဒေ၀ီ ရဲ့အမိန့်တော်ကြောင့် ဦးရီးတော်စစ်သေနာပတိချုပ်ကြီးဟာ ညီလာခံခန်းမတော်ထဲ၌ ရှိသမျှအမတ်ချုပ်တွေ မှုးကြီးမတ်ရာတွေကို စုဝေးလာရောက်စေခဲ့သည် ။ ထို့နောက် ခန်းမထဲ၌ စစ်သေနာပတိချုပ်ကြီးမှ တူမတော် မင်းသမီးမုဒ္ဒြာဒေ၀ီ အားထီးနန်းပေးအပ်မည့်အကြောင်း ကြေညာပြောကြားလိုက်သောအခါ၌ ထိုကဲ့သို့သော စကားသံတွေ ထွက်လာခဲ့ခြင်းဖြစ်ပေသည် ။ လက်ဝဲအတိုင်ပင်ခံအမတ်ကြီးက ဦးဆောင်ပြီး အသံခပ်ကျယ်ကျယ်ဖြင့် ထိုသို့ပြောနေစဉ်အချိန်အတွင်း၌ 'မုဒ္ဒြာဒေ၀ီ´ ဟာညီလာခံခန်းမထဲသို့ ၀င်ချလာလေသည် ။ သာမန်ပုံစံမျိုးနဲ့ ၀င်ချလာခြင်းမျိုးမဟုတ် ညာဘက်လက်က လုံချည်အဖျားမှ ထိုင်မသိမ်းအစကို ကိုင်ထားပြီး ၊ ဘယ်လက်မှ သူမ၏လက်စွဲတော် စိန်စီရွှေချထားသော ရွှေဓားတော်ကိုကိုင်စွဲ၍ ခြေလှမ်းကျဲကျဲဖြင့် ၀င်ချလာခြင်းသာဖြစ်ပေသည် ။

ညီလာခံခန်းမထဲသို့ ဓားကိုင်ပြီးဝင်ချလာတဲ့ မင်းသမီး၏ပုံစံကြောင့် မှူးမတ်တော်တော်များများဟာ ပြူးတူးပြဲတဲဖြစ်ကုန်ကြ၏ ။

" ကဲ လက်ဝဲ အတိုင်ပင်ခံအမတ်ကြီး .. စောစောနက ပြောလိုက်တဲ့ စကားတစ်ခွန်းကို အခုအကျွန်ုပ်ရဲ့ရှေ့မှာ ပြန်လည်ပြောဆိုပါဦး .. စောနကတစ်ကြိမ်က အကျွန်ုပ်နားနဲ့ သေချာမကြားလိုက်ရလို့ .. "

လက်ဝဲအတိုင်ပင်ခံအမတ်ကြီးရဲ့ရှေ့တည့်တည့်၌ မာန်ပါပါခါးထောက်ရပ်လိုက်ပြီး မဲ့ပြုံးပြုံး၍ သူပြောလိုက်သောအခါ အမတ်ကြီးကလည်း ကြောက်လန့်သည့်ပုံစံတစ်စက်ကလေးမျှ မရှိသည့်ပုံဖြင့် ခေါင်းကိုမော့ကာ

" အခုလိုမျိုး မြင့်မြတ်လှတဲ့ညီလာခံခန်းမထဲကို ဓားကိုင်စွဲပြီးဝင်ချလာတဲ့ လူ့စည်းမျဉ်းကျင့်ဝတ် ၊ လူ့ယဉ်ကျေးမှုကိုနားမလည်တဲ့ မင်းသမီးလို အမျိုးသမီးတစ်ယောက်ကို ဒီနိုင်ငံရဲ့အုပ်ချုပ်သူအဖြစ် မတင်မြှောက်နိုင်ကြောင်းကို ပြောဆိုနေခြင်းပါ မင်းသမီး .. "

နှောင်ကြိုး ၊ နှောင်ကြိုးWhere stories live. Discover now