စိုင်းဟန်လျှမ်းမှာ ဆိုင်းဘုတ်ပြားလေးကို ခေါင်းပေါ်တင်ကာ ငုတ်တုတ်ထိုင်ရင်း ရှုံ့မဲ့နေလေပြီ။ မတတ်နိုင်ပါ လမင်းရဲ့ ချစ်ရသူ
မောင် လိုက်ပါလာသော လေယာဉ်မှ မဆိုက်သေးပဲ။

ဟန်လျှမ်းပြောသလိုပင် ဆိုင်းဘုတ်ပြားကိုင်ကာ အပေါက်ဝဆီ တမျှော်မျှော်ဖြစ်နေသော လမင်းကို ဖြတ်သွားဖြတ်လာ လူများက
ကြည့်ကာ တချို့မှာ ပေါ်တင် ကြည့်ပြီး ရယ်သွားကြသလို၊ တချို့ကတော့ ပြုံးစိစိ ။ အမျိုးသမီး တွေကတော့ အဆိုးဆုံးပင်။

လမင်း မျက်မှောင်ကလေး ကြုံ့ကာ ရင်ဘတ်၌ ကပ်လျက် ကိုင်ထား
သော ဆိုင်းဘုတ်ပြားလေးအား ကိုယ့်ဘက် ပြန်လှည့်ကာ ရေးထားသော စာသားကို ပြန်ဖတ်ကြည့်မိသည်။

*  ပြုတ်မနူးတဲ့ ဥကြီးရေ ~~လမင်း ဒီမှာ *

emoji လေးပါသော စာသားလေးသာ။

ဘာများရယ်စရာပါလို့လဲ ။ ကိုယ့်ကောင်လေး ကိုယ်ကြိုဆိုတဲ့ စာလေးရေးထားတာကို ။ ဟန်လျှမ်းက လေဆိပ်မှာသွားကြိုရင် သူများနဲ့ မတူတဲ့ idea ကို အသုံးချပြီး မြင်သာအောင် ရေးတတ်ရတယ် ဆိုတာနဲ့ပဲ လမင်းလည်း
ကိုယ့်ဟာကိုယ်ဆို မရေးတတ်တာမို့
သူငယ်ချင်းအကူအညီနဲ့ ရေးထားတဲ့ဟာလေးက ဘယ်နားကများ
ပြုံးစိစိဖြစ်စရာပါလို့လဲနော်။ တစ်ကယ်ပါပဲ။


"အိုက်လျှမ်း ! ပြုတ်မနူးတဲ့ ဥကြီးဆိုတာ ဘာကိုပြောတာလဲ "

"အမ်! "

ဒုက္ခပါပဲ ။ အစကတည်းက Welcome ပါ  ခန့်စေထွဋ်နောင် ဆိုရင် ပြီးနေပြီကို အမြင်ကတ်ပုဒ်မနဲ့ မကျေနပ်တာတွေစုပြီး
ဂျင်းထည့်လိုက်ကာမှပဲ  ကိုယ့်အထဲပြန်ဝင်ပြီး စပ်စပ်ခါနေရတော့မယ့် အဖြစ်။

သူ့ ဘဲကို သူ့ဘာသာ ကြိုမယ်ထင်လို့ပေါ့။ ဒီလို အဖော်ခေါ်ပြီး
လေဆိပ်မှာ အတူတူ ကြိုခိုင်းမယ်မှန်းသိရင် ရေးပေးပါ့မလားလို့။

*သန့် ရေ~~~ဟန်လျှမ်း ကို လာကယ်ပါအုန်း * လို့သာ မက်ဆေ့ပို့လိုက်ရသည်။ လမင်း ဟာကြီး  ရောက်လာလို့ ဒီဆိုင်းဘုတ်က ဘယ်သူ့လက်ချက်လဲ မေးရင် ဘယ်အပေါက်ကပြေးရမှန်း မသိလို့။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now